Motors.com.mm မှ Android App စတင်မိတ်ဆက်

Motors.com.mm ရဲ့ Android app ဟာ website ကိုသုံးရသလိုမျိုးလုပ်ဆောင်ချက်တွေအားလုံး ပါဝင်မှာ ဖြစ်ပြီး app ကို Google PlayStore မှ download ရယူနိုင်တယ်လို့ သိရပါတယ်။ App ထဲမှာ ကားအစီးရေ ၁၀,၅၀၀ ကျော်ကို အလွယ်တကူကြည့်ရှုနိုင်မှာဖြစ်ပြီး  ဒီ App ကို လက်ရှိ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ကားရောင်းဝယ်လုပ်လိုသူများအသုံးပြုနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ တိုးတက်ဆဲနိုင်ငံတွေဖြစ်တဲ့  ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ မက္ကစီကို၊ ယူအေးအီးနဲ့ မြန်မာနိုင်ငံတွေမှာ Active ဖြစ်နေကြောင်း လည်း သိရပါတယ်။ App ကိုသုံးတဲ့သူတွေအနေနဲ့ ကားအမျိုးအစား၊ တံဆိပ်၊ မော်ဒယ်နဲ့ တန်ဖိုး စတာတွေကို အလွယ်တကူ ရှာနိုင်တဲ့အပြင် တခြား သူများ၏ comment များကိုလည်း ဖတ်နိုင်မှာဖြစ်ကာ မိမိကြိုက်နှစ်သက်တဲ့ ကားတွေကို Favoriate List လုပ်ထားနိုင်မှာလည်းဖြစ်ပါတယ်။