Miss Universe Myanmar 2014

article landscape wartermark final9

Miss Universe Myanmar 2014 ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်က ရန်ကုန်မြို့၊ အမျိုးသားကဇာတ် ရုံမှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ နောက်ဆုံးဆန်ခါတင် ၂၀ ၀င်ရောက်ယှည်ပြိုင်ခဲ့ပြီး Miss Universe Myanmar 2014 ကို သျှားထဋ်အိန္ဒြာ၊ 1st Runner Up ကို ယွန်းမှီမှီကျော်၊ 2nd Runner Up ကို ရွှေစင်ကိုကို တို့ကရရှိခဲ့ပါတယ်။ အခြား Title ဆုတွေဖြစ်တဲ့ Miss Huawei ဆုကို ဂျေနော်၊ BSC Cosmetics ကချီးမြှင့်တဲ့ Miss Healthy Skin ဆုကို ဇွန်သံစဉ်၊ BSC Cosmetics က ထပ်မံချီးမြှင့်တဲ့ Miss Body Perfect ဆုကို ယွန်းမှီမှီကျော် ၊ Miss Beautiful Hair By Palmolive ဆုကို ဇွန်သံစဉ်၊ Crystal Tomato ကချီးမြှင့်တဲ့ Miss Attractive ဆုကို ပိုးကြာဖြူ၊ Nobody Revolt Jeans ကချီးမြှင့်တဲ့ Miss Congeniality ဆုကို ရွှေစင်ကိုကို၊ Holiday Television co Ltd ကချီးမြှင့်တဲ့ Miss Myanmar Thailand Frendship ဆိုကို သျှားထွဋ်အိန္ဒြာ၊ Voting နဲ့ ချီးမြှင့်တဲ့ Miss Famous ဆုကို ဇွန်သံစဉ်တို့က ရရှိခဲ့ပါတယ်။ ပွဲမှာ ဒိုင်တွေအဖြစ် Sponsor တွေဖြစ်တဲ့ Kamol Hospital၊ Holiday Television Co Ltd၊ Wuttisak Clinic၊ ပြည့်ဝေလျှန်စိန်ရွှေရတနာတို့က အကြီးအကဲတွေနဲ့ အကယ်ဒမီများဆုရှင် ရန်အောင်နဲ့ ရုပ်ရှင်မင်းသမီးမိုးဟေကိုတို့က ပြုလုပ်ပေးခဲ့ပါတယ်။ နာမည်ကျော် အဆိုတော်တွေဖြစ်တဲ့ ရှီ၊ စည်သူလွင်၊ L လွန်းဝါ၊ နီနီခင်ဇော် နဲ့ နေတိုး တို့က သီဆိုဖျော်ဖြေခဲ့ပါ တယ်။ Main Sponsor အဖြစ် Huawei၊ Platinum Sponsor အဖြစ် Bangkok Airways၊ Makeup နဲ့ Swimwear Sponsor အဖြစ် BSC Cosmetic နဲ့ Makeup Artist အဖြစ် Hello (မခိုင်၊ မချိုတို့က ပါဝင်ကူညီပေးကြပါတယ်။

article portrait watermark final27  article portrait watermark final23  article landscape wartermark final20  article landscape wartermark final15 article landscape wartermark final11 article landscape wartermark final10 article landscape wartermark final8 article landscape wartermark final7 article landscape wartermark final5 article landscape wartermark final4 article landscape wartermark final3 article landscape wartermark final2