Miss Myanmar World 2014 အတွက် စာနယ်ဇင်းရှင်းလင်းပွဲ

article landscape wartermark final7

article landscape wartermark final4

 

Channel 7 နဲ့ Forever BEC TERO တို့က ပူးပေါင်းစီစဉ်တင်ဆက်တဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် “Miss Myanmar World 2014” ပြိုင်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်က ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ VINO DI ZANOTTI Restaurant မှာပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်ဖို့ လျှောက်လွှာတွေကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး တက္ကသိုလ်ရိပ်သာလမ်းရှိ VINO DI ZANOTTI Restaurant ကို ပေးပို့လျှောက်ထားနိုင်မှာဖြစ်ပြီး အဲဒီထဲကမှ ဇကာတင် အယောက်နှစ်ဆယ်ကို သြဂုတ်လ ၂၅ ရက်နေ့မှာ ရွေးချယ်မှာဖြစ်ပါတယ်။ “Miss Myanmar World 2014” ပြိုင်ပွဲကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ကာ Winner ဆုပိုင်ရှင်အနေနဲ့ ထိုက်တန်တဲ့ဆုတွေကို ရရှိမယ့်အပြင် UK မှာကျင်းပမယ့် “Miss World 2014” ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဇော်မျိုးအောင်