MINISO ဆိုင်ခွဲများနဲ့ မိတ်ဆက်

Miniso

ဂျပန်နိုင်ငံထုတ် ကုန်ပစ္စည်းများကိုတင်သွင်းရောင်းချတဲ့ MINISO ဆိုင်များမိတ်ဆက်ပွဲကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ၁၁ရက်က ရန်ကုန်မြို့ လမ်းမတော်ရှိ MINISO ဆိုင်ခွဲမှာ ကျင်းပခဲ့ပြီး လာရောက်အားပေးတဲ့သူတွေကိုကျေးဇူးတုန့် ပြန်တဲ့အနေနဲ့ သရုပ်ဆောင်အဆိုတော်ဝါဆိုမိုးဦးကနေ ၂၀၁၇ခုနှစ်ပြက္ခဒိန်တွေကို အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ MINISO ဆိုင်မှာလူသုံးကုန်ပစ္စည်းတွေ၊ အလှကုန်တွေနဲ့ အိုင်တီပစ္စည်းတွေကိုရောင်းချပေးလျက်ရှိပြီး ဈေးနှုန်း အနည်းဆုံးနှစ်သောင်းကနေ အများဆုံးရှစ်သောင်းအထိရှိပါတယ်။ ပစ္စည်းအမျိုးအစားပေါင်း၃၀၀ကျော်လောက်ကိုရောင်းချလျက်ရှိပြီး ဆိုင်ခွဲတွေကို အနော်ရထာလမ်း၊ ဆူးလေ Square၊ မဟာဗန္ဓုလလမ်းတို့မှာ ဖွင့်လှစ်ထားတဲ့အပြင် နောက်ထပ်လည်း တခြားနယ်မြို့ တွေမှာထပ်မံဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။