Michael Jordan ဘီလီယံနာစာရင်းဝင်ပြီ

Michael Jordan

NBA ဘတ်စကက်ဘော အကျော်အမော် Michael Jordan

Forbes မဂ္ဂဇင်းရဲ့အဆိုအရ Michael  Jordan ဟာ ဘီလီယံနာသူဌေးစာ ရင်းဝင်သွားပြီဖြစ်ပါတယ်။ သူဟာ NBA ဘတ်စကက်ဘောအသင်းကို ပိုင်သူဖြစ်ပြီး ရှူးဖိနပ်လုပ်ငန်းသူဌေး တစ်ဦးလည်းဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုရှိ ဘတ်စကက်ဘော အားကစားနဲ့ပတ်သက်ပြီး အထင်ကရ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူ တို့ရဲ့ ရုပ်ပုံ၊ သူတို့အသုံးအဆောင် စတဲ့ ပစ္စည်းတွေနဲ့ သူတို့ရဲ့အကြောင်း အချက်အလက်တွေ ထားရှိပြသထား တဲ့အခန်းကြီးထဲမှာ ပြသထားခြင်းခံရ သူလည်း ဖြစ်တယ်။

အားကစားနဲ့ပတ်သက်ပြီး ခုလို ဘီလီယံနာဘွဲ့ကို  Forbes မဂ္ဂဇင်းက ပေးတာဟာ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလထဲတုန်းက ရှိခဲ့ဖူးပါတယ်။ သူကတော့ Tiger Woods ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်နှစ်လ အကြာမှာ သူက နာမည်ပျက်နဲ့ ကြုံခဲ့ရပါတယ်။ အခုအခါ မှာတော့ ကမ္ဘာ့ဘီလီယံနာ စာရင်းထဲမှာ မပါတော့ပါဘူး။

                       Ref: AFP