Messe Frankfurt က ပြုလုပ်တဲ့ Promotion Seminar for International Trade Show

Messe Frankfurt က ကြီးမှူးတဲ့ Promotion Seminar for Messe Frankfurt International Trade Show ခေါင်းစဉ်နဲ့ဟောပြောပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်က ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

messe2016

အခမ်းအနားကို Messe Frankfurt Myanmar ရဲ့ Official Representative ဖြစ်သူ ဒေါ်သက်စုလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Messe Frankfurt France ရဲ့ President and CEO ဖြစ်သူ Michael Scherpe က Messe Frankfurt International Trade Fair နဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုးနဲ့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန်းတို့က မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာကုန်စည်ပြပွဲတွေကို ၀င်ရောက်ပြသတဲ့အခါမှာ ရရှိလာမယ့် အကျိုးကျေးဇူးတွေ၊ ၀င်ရောက်ပြသနိုင်ဖို့အတွက် ပြင်ဆင်ဖို့လိုတာတွေကို ဆွေးနွေးတင်ပြခဲ့ပြီး Messe Frankfurt အနေနဲ့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့တဲ့ ဂျာမနီ Trade Show မှာ ၀င်ရောက်ပြသခဲ့တဲ့ မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ Bella Interiors ရဲ့ Business Development Director ဖြစ်သူ မဆွေဇင်လဲ့ကလည်း သူ့ရဲ့အတွေ့အကြုံတွေကို ရှင်းလင်းပြောပြခဲ့ပါတယ်။