မန္တလေးမှာကျင်းပမယ့် ကုန်စည်ပြပွဲနဲ့ ကားပြပွဲ

MDYProduct

နိုင်ငံတော်ကချမှတ်ထားတဲ့စီးပွားရေးဦးတည်ချက်တွေထဲကဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ်လာစေရေးကို အထောက်ကူပြုစေနိုင်ဖို့ ရည်ရွယ်ကာမန္တလေးအဆင့်မြင့်ကုန်စည်ပြပွဲနဲ့ ကားပြပွဲ2017 ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်ကနေ ၁၈ရက် ထိ မန္တလေးမြို့ မြို့တော်ခန်းမမှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပွဲကိုTop Y INTERNATIONAL CO.,Ltd.က ဦးစီးကျင်းပတာဖြစ်ပြီး လျှပ်စစ်၊အ၀တ်အထည်၊ အလှကုန်၊ အသားအရေထိန်းသိမ်းပစ္စည်း ၊မီးဖိုချောင်သုံး၊ အိမ်တွင်းသုံးပစ္စည်း၊ ကားနဲ့ ကားအပိုပစ္စည်း၊ အင်ဂျင်ဝိုင်၊ လူသုံးကုန်၊ ဖုန်းနဲ့ဆက်သွယ်ရေး၊ ဖုန်းအပိုပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ကျန်းမာရေးပစ္စည်း၊ အနှိပ်စက်များ၊ ဆေးဝါးများ ၊ပညာရေးဝန်ဆောင်မှုများ စသဖြင့် စုံစုံလင်လင်ကို ကိုတစ်နေရာတည်း ခင်းကျင်းပြသရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် သီချင်းသရုပ်ဖော်၊ အက၊ မော်ဒယ်ရှိုး၊ ဂိမ်းအစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းသိရှိလိုပါက တာဝန်ခံ ဖုန်း၀၉၂၆၁၉၉၀၆၇၀ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။