နည်းပညာအကူအညီနဲ့ လုပ်ငန်းခွင်

Supervisor ၊ Manager အဖြစ် မကြာသေးခင်ကမှ စတင်တာဝန်ယူလာကြတဲ့ ၀န်ထမ်းအများစုဟာ မိမိကိုယ်ပိုင်လုပ်ငန်းတာဝန်တွေအတွက် သာမက ၊ မိမိအဖွဲ့သားတွေအတွက်နဲ့ အဆင့်တူ တခြားသော ၀န်ထမ်းတွေအတွက်ပါ အချိန်ပေးနိုင်အောင် ကိုယ့်ကိုယ်ကိုယ် စီမံထားနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် များသောအားဖြင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်တဲ့အခါ လွယ်ကူမှုရှိစေဖို့ နည်းပညာရဲ့ အကူအညီကိုတော့ ယူကြရတာပါပဲ။ ဒါပေမဲ့ ပါးနပ်စွာ သုံးတတ်ဖို့တော့ လိုပါမယ်။

mayit

မြန်ဆန်လွယ်ကူဖို့ အာရုံစိုက်ပါ . . .

ကိုယ့်ကွန်ပျူတာကို ခဏလေးထားသွားပြီး ပြန်လာတာနဲ့အစက ပြန်ဖွင့်နေရတာမျိုး မဖြစ်စေဖို့ Standby ၊ ဒါမှမဟုတ် Hibernate Mode ကိုသုံးပါ။ Power မစားဖို့ကတော Hibernate Mode ကိုသုံးတာက ပိုကောင်းပါတယ်။ ဒါဆို ဖွင့်ပြီးသား လုပ်လက်စ File တွေအားလုံးကိုလည်း အစက တစ်ခုချင်း လိုက်ပြန်ဖွင့်နေစရာ မလိုတော့ပါဘူး။

ပြီးတော့ ကိုယ့်ကွန်ပျူတာထဲက File တွေကို နာမည်ပေးတဲ့အခါ၊ အရေးကြီး အချက်အလက်တွေထည့်ထားတဲ့ File ကို နာမည်ပေးတဲ့အခါ ကိန်းဂဏန်းတွေကို အရှေ့ဆုံးမှာ ထားပြီး ပေးပါ။ ဒါဆို File တွေကို စီတဲ့အခါ အရှေ့ဆုံးမှာ အဲဒီ File ကို တွေ့ရနိုင်ပါတယ်။

ကွန်ပျူတာထဲက File တွေများကြီးကို Folder အလိုက် စုပြီးသိမ်းကြတဲ့အခါ နောက်တစ်ခါပြန်ရှာရင် ဒီ Folder ထဲမှာ ဘာတွေသိမ်းထားတယ်ဆိုတာမျိုး ချက်ချင်းသိနိုင်ဖို့ စာရင်းတစ်ခုလုပ်ပြီး အဲဒီ Folder ထဲမှာ တွဲသိမ်းထားပါ။ ဒါဆိုရင် ကိုယ်အဝေးရောက်နေတုန်း လိုချင်တာတစ်ခုခု ပြန်ရှာခိုင်းချင်ရင်တောင် ကိုယ့်အတွက် အေးအေးဆေးဆေး ပြန်ရှာပေးနိုင်မှာ ဖြစ်ပါတယ်။

ပြီးတော့ ရိုးရှင်းတဲ့ အလုပ်တွေအားလုံးအတွက် တစ်ဆင့်ပြီးတစ်ဆင့် လုပ်နည်းတွေကို Checklist အဖြစ် ပြုလုပ်သိမ်းထားပါ။ အလုပ်ခရီးတစ်ခုအတွက် ဘာတွေကြိုတင်စီစဉ်ထားဖို့ လိုအပ်တယ်ဆိုတာကစလို့ ကိုယ့်အဖွဲ့သားတွေနဲ့ တစ်ပတ်တစ်ခါ အစည်းအဝေးလုပ်ရင် ဘယ်အချက်တွေကိုတော့ မဖြစ်မနေ ပြောဆိုဆွေးနွေးရမယ်ဆိုတာအထိ ကိစ္စတိုင်းအတွက် ကိုယ့်မှာ Checklist တစ်ခုစီရှိနေရင် အသေးအဖွဲ ကိစ္စတိုင်းအတွက် အချိန်နှစ်ခါ အကုန်ခံပြီး စဉ်းစားနေစရာ မလိုတော့ပါဘူး။

နောက်ဆုံးတစ်ခုကတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ အသုံးဝင်တဲ့ Shortcut မှန်သမျှကို ရှာဖွေလေ့လာပြီး ကိုယ်တိုင်အသုံးပြုပါ။ ပြီးရင် ကိုယ့်အဖွဲ့သားတွေကိုလည်း အဲဒီနည်းတွေ သင်ပေးပါ။ ဒီလိုနည်းနဲ့ပဲ ကိုယ်က ကိုယ့်အဖွဲ့သားတွေထက် ကွန်ပျူတာနဲ့ပတ်သက်လို့လည်း ပိုပြီးတတ်ကျွမ်းကြောင်း ပြနိုင်ပါတယ်။

ကိုယ့်အတွက်အသုံးဝင်မယ့် နည်းပညာမှန်သမျှကို ရှာဖွေသုံးစွဲပါ . . .

File SharingApp တွေကို အကျိုးရှိရှိ အသုံးချတတ်ဖို့လိုပါတယ်။ တစ်ရုံးတည်းမှာ ရုံးထိုင်တဲ့ ၀န်ထမ်းတွေ မဟုတ်တဲ့အခါ တူညီတဲ့ Project တစ်ခုခုကို လုပ်ရမယ်ဆိုရင် နှစ်ဦးစလုံးသုံးတဲ့ File တွေကို ဘုံ Update လုပ်နိုင်မယ့် အရာတစ်ခုတော့ ပါတယ်။ Google Drive ၊ DropBox တို့လို File SharingApp ကို ကောင်းကောင်းအသုံးချတတ်ပါစေ။

မလိုအပ်ဘဲ Email တွေ ထိုင်ရေးနေတတ်တဲ့ အကျင့်ကို တတ်နိုင်သလောက်လျှော့ပါ။ ပြောချင်တာက Email ဟာ လုပ်ငန်းခွင်မှာဆိုရင် Formal ဆန်ဆန် အသုံးပြုကြတာဖြစ်ပါတယ်။ ဒီအတွက် စာတစ်ခါရေးရင် အနည်းဆုံး Format အားလုံးပြည့်စုံဖို့ အချိန်တော့ ပိုပေးရပါတယ်။ ဒါကြောင့် အလွန်အရေးကြီးတဲ့ ကိစ္စတချို့နဲ့ မဖြစ်မနေလုပ်မှရမယ့် ကိစ္စတွေကလွဲလို့ Email ကို တတ်နိုင်သမျလျှော့သုံးပြီး Instant Messaging App တွေကို ပိုသုံးစေချင်ပါတယ်။ ကိုယ့်လုပ်ငန်းခွင်တွင်း သက်ဆိုင်ရာလုပ်ငန်းတူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေစုပြီး Group တွေဖွဲ့ထားကာ အချိန်နဲ့တစ်ပြေးညီ Update Info တွေကို ဖလှယ်နိုင်ပါတယ်။ အလုပ်ချိန်အတွင်း Facebook ကို အကန့်အသတ်နဲ့ပဲသုံးဖို့ ပြောထားတဲ့လုပ်ငန်းခွင်မျိုး ဆိုလည်း တခြားသော Hangout တို့လို Messaging App တွေ အများကြီးပဲ သုံးနိုင်ပါသေးတယ်။

နောက်တစ်ခုက တစ်မြို့တည်းမှာ မဟုတ်လို့ အစည်းအဝေးလုပ်ဖို့ ကြန့်ကြာနေတယ် ဆိုတာမျိုးမဖြစ်ရအောင် Virtual Meeting App တွေကိုလည်း ကောင်းကောင်းသုံးနိုင်အောင် လုပ်ထားပါ။ အခုခေတ်က စမတ်ဖုန်းကောင်းကောင်းတစ်လုံးရှိနေရင် ဘာမဆိုလုပ်လို့ ရနေပါပြီ။ Microsoft ရဲ့ Skype ကတော့ လူတိုင်းနီးပါး အသုံးပြုကြတဲ့ VR Meeting App ပါ။ အခမဲ့ Version ဆိုရင်တောင် ကိုယ့်ရဲ့ Call တစ်ခုမှာ လူပေါင်း ၂၅ ယောက်လောက်အထိ ထည့်နိုင်တာကြောင့် သူ့ကို စမ်းသုံးကြည့်ပါ။ ပြီးတော့ Go To Meeting နဲ့ Fuze တို့လို App တွေလည်း ရှိပါသေးတယ်။ ဒါကြောင့် Time Zone မတူတဲ့ နိုင်ငံရပ်ခြားက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ၊ နယ်ဘက်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ Communication မပြတ်စေဖို့ သွားသွားတွေ့နေရတယ်ဆိုတာမျိုးမဖြစ်စေဘဲ  VR Meeting တွေသုံးပြီး အခြေအနေတွေ အားလုံးကို မျက်ခြည်မပြတ် နေနိုင်ပါတယ်။

ကိုယ့်လုပ်ငန်းခွင်အတွက် လိုအပ်သမျှ နည်းပညာ အထောက်အပံ့ကို ရယူနိုင်ဖို့ စဉ်ဆက်မပြတ် App အသစ်တွေကို လေ့လာရယူသုံးစွဲနိုင်ဖို့က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။