advertisement-image
Management

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ

ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ်။ ကျွမ်းကျင်တဲ့ ဗိုလ်ချုပ်ကြီးရဲ့ ဦးဆောင်ညွှန်ကြားမှုကို ခံယူရတဲ့စစ်တပ်ဟာ Shuai-Jan လို့ခေါ်တဲ့ မြွေလိုပါပဲ။ ဒီမြွေဟာ Ch’ang Mountains ဆိုတဲ့ တောင်ကုန်းတွေပေါ်မှာတွေ့ရတတ်တဲ့ မြွေမျိုးဖြစ်တယ်။ သူ့ရဲ့ခေါင်းကိုရိုက်လိုက်ရင် အမြီးနဲ့ပြန်ချတယ်။ အမြီးကိုရိုက်ရင် ခေါင်းနဲ့တုံ့ပြန်တယ်။ ခါးလယ်ကိုရိုက်ရင် အမြီးရောခေါင်းပါသုံးပြီးတုံ့ပြန်တယ်။ ဒီမှာ စစ်တပ်များဟာ ဒီမြွေလိုချက်ချင်း တညီတညွတ်တည်း တုံ့ပြန်လုပ်ကိုင်နိုင်ပါ့မလားလို့တော့ မေးစရာရှိတယ်။ ရပါတယ်လို့ ဖြေချင်တယ်။ တရုတ်ပြည်မှာ Wu က ပြည်ကလူတွေနဲ့ Yue ပြည်က လူတွေဟာရန်သူတွေဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ လှေတစ်စင်းနဲ့ အတူသွားနေကြတုန်းမုန်တိုင်းကျလာတယ်ဆိုရင် သူတို့ဟာ ရန်သူတွေဖြစ်ကြပေမယ့် အချင်းချင်းကူညီကြတယ်။ ဘယ်ဘက်လက်က ညာဘက်လက်ကို ကူညီသလိုပါပဲ။ ဒါကြောင့် စစ်ရေးအရစီမံအုပ်ချုပ်ခြင်းဆိုတဲ့ သဘောတရားရဲ့ရည်ရွယ်ချက်က သတ္တိရှိတဲ့စိတ်ဓာတ်ကို တညီတညွတ်တည်း ရရှိထိန်းသိမ်းထားနိုင်ရေးဖြစ်တယ်။ စစ်ဗိုလ်ချုပ်ကြီးက ကျွမ်းကျင်စွာ […]
Posted On May 27, 2020, By CEO Editors

ခေါင်းဆောင်နိုင်မှုစွမ်းရည်ရှိမရှိ သိစေနိုင်တဲ့အချက် ၆ ချက်

ခေါင်းဆောင်ကောင်းတစ်ယောက်ပီသအောင် ဘယ်လိုကျင့်ကြံရမလဲ။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟုတ် မဟုတ် ဘယ်လိုသိနိုင်မလဲ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာရာမှာပညာရှင်တိုင်းက သဘောတူထားတဲ့ ယေဘူယျအချက်တွေကတော့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ သူတို့ထင်မြင်ချက်တွေနဲ့ပတ်သက်ပြီး တစ်ပါးသူကိုဝေဖန်ခွင့်ပေးတယ်။ ခေါင်းဆောင်ကောင်းတိုင်းဟာ ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံပါတယ်။ ဒါပေမယ့် သူတို့ထက်တော်တဲ့လူတွေ လည်း ဒီအခန်းထဲမှာ ရှိနေမယ်လို့လည်း ခံယူထားကြတဲ့အတွက် တခြားလူတွေရဲ့ ထင်မြင်ချက်တွေ၊ အကြံ ဉာဏ်တွေနာယူဖို့ ဝန်မလေးပါဘူး။ သူတို့ထင်မြင်ချက်တွေကို တင်ပြတိုင်း ”ကျွန်တော့်ဆုံးဖြတ်ချက်က အဆင်ပြေရဲ့လား၊ ဒီထက်ကောင်းတဲ့ အကြံဉာဏ်လေးတွေရှိလား။” စသဖြင့် မေးခွန်းပြန်ထုတ်တတ်ကြပါတယ်။ ၂။ သူတို့တွေဟာ ပွင့်လင်းမှုရှိကြတယ်။ ခေါင်းဆောင်ကောင်းတွေဟာ နောက်ကွယ်မှာ အတင်းပြောတာမျိုး၊ သူတစ်ပါးကို ချောက်တွန်းတာမျိုး လုံးဝမလုပ်ပါဘူး။ အစည်းအဝေးလုပ်တဲ့အချိန်မှာလည်း တခြားလူတွေရဲ့ ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်းတင်ပြစေပါတယ်။ အစည်းအဝေးခန်းထဲမှာ တခြားသူတွေ အနေရမခက်အောင်လည်း သူတို့က ဖြေရှင်းပေးပါတယ်။ ၃။ သူတို့တွေဟာ […]
Posted On March 19, 2020, By CEO Editors

Emotional Intelligence (စိတ်ခံစားမှုစွမ်းရည်)

Using Emotional Intelligence to increase Influence, Fulfilment, and Success စိတ်ခံစားမှုစွမ်းရည်ကိုသုံး၍ သြဇာလွှမ်းမိုးနိုင်မှု၊ စိတ်၏ကျေနပ်မှုနှင့် အောင်မြင်မှုတို့ရရှိခြင်း I.Q Intelligence ကို ဉာဏ်ရည်စွမ်းအားအဖြစ်သုံးကြရာမှ နောက်ပိုင်းတွင် စိတ်ဓာတ်အင်အား၏အရေးပါမှုကိုပါ တွဲဖက်၍ Emotional Intelligence (EI) ကိုပါ အလေးထားလာကြသည်။ EI ၏အရေးပါမှုမှာ မိမိ၏ခံစားမှုသိစိတ်နှင့် အခြားသူတို့၏ခံစားမှုကိုပါ အလေးထားခြင်းဖြင့် အကျိုးရှိအောင်မြင်နိုင်မည်ဖြစ်ပြီး စိတ်ကျေနပ်မှုကိုပါရရှိသည်။ အဓိကရရှိသည့်အကျိုးကျေးဇူးမှာ အခြေအနေကို မှန်ကန်စွာနားလည်ကိုင်တွယ်နိုင်၍ ဆုံးဖြတ်ချက်မှန်ကန်ပြီး ကောင်းကျိုးရနိုင်မည်။ မိမိ၏စိတ်ခံစားမှု၊ တခြားသူ၏ခံစားမှုတို့ကိုပါ အသိအမှတ်ပြု၍ ကိုယ်ချင်းစာနားလည်ပေးနိုင်ပါက အောင်မြင်မှုများ ပိုရရှိနိုင်မည်။ Developing Emotional Intelligence (စိတ်၏ခံစားမှုစွမ်းရည်ဖွံ့ဖြိုးမှု) လူတိုင်းပင် စိတ်ခံစားမှုဆွဲအားကြောင့် ကောင်းသည့်လမ်း သို့ဖြစ်စေ၊ မကောင်းသည့်လမ်းကြောင်းသို့ဖြစ်စေ ပါနေ ကြရသည်။ EI […]
Posted On March 19, 2020, By CEO Editors

အခြေအနေနှင့်ကိုက်ညီစွာခေါင်းဆောင်ခြင်း

Different Leadership Styles – ခြားနားသောခေါင်း ဆောင်မှုဟန်များခေါင်းဆောင်မှုပုံစံကို အခြေအနေလိုအပ်ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်ခြင်းအားဖြင့် လိုအပ်သလို ပြီး မြောက်နိုင်သည်။ မည်သည့်ခေါင်းဆောင်မှုဟန်သည် အကောင်းဆုံးဖြစ်သည်ကိုဆုံးဖြတ်ရန်မှာ အကြောင်းအရာ ကိစ္စ၊ မည်သို့ဖြစ်ချင်သည်နှင့် ပါဝင်မည့်သူများကို သေချာလေ့လာရမည်။ ဆီလျော်သော ခေါင်းဆောင်မှုပုံစံကို အသုံးပြုရန်မှာ မိမိကိုယ်မိမိသိပြီး အခြားသူများအပေါ် မိမိက မည်သို့အကျိုးသက်ရောက်သည်ကိုပါသိရမည်။ ပညာရှင် Ken Blanchard နှင့် Spencer Johnson တို့က အခြေအနေနှင့်ကိုက်ညီပြီး ကွဲပြားသော သွင်ပြင်လက္ခဏာများကို အသေးစိတ်တင်ပြထားသည်။ Using the Right Style (ခေါင်းဆောင်မှုပုံစံအမှန်ကို အသုံးပြုရန်) အခြေအနေတစ်ခုတိုင်းအတွက် ဆီလျော်သင့်တော်သည့် ခေါင်းဆောင်မှုပုံစံရှိပေသည်။ ဥပမာ- ထူးခြားသော အခြေအနေအခက်အခဲများတွင် လမ်းကြောင်းတစ်ခုကို တိတိကျကျ လိုက်နာရန်လိုသည့်အခါနှင့် ခက်ခဲသောလူမှုရေးကိစ္စများကို ကိုင်တွယ်ရသည့်အခါများတွင် ညွှန်ကြားသည့် […]
Posted On March 19, 2020, By CEO Editors

စစ်မြေပြင်အနေအထား ၉ မျိုး (မန်နေဂျာများအတွက်ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ)

ပထမဦးဆုံးတိုက်ခိုက်ချက်တစ်ချက်ဟာ တိုက်ခိုက်ချက်နှစ်ချက်လိုပဲ အကျိုးသက်ရောက်မှုတွေရှိတယ်လို့ ရှေးဟောင်းစကားပုံတစ်ခုကဆိုတယ်။ ကိုယ်ကအရင်တိုက်ခိုက်တဲ့အခါ ရန်သူဟာဒုတိယတန်းနေရာအနေအထားကို ရောက်သွားတယ်။ တိုက်ခိုက်ရသူဟာတော့ စိတ်ဓာတ်ခွန်အားတက်ကြွသွားပါတယ်။ အဲဒီလို စတင်တိုက်ခိုက်တဲ့ထိုးစစ်ကို ဆက်ပြီးလုပ်သွားဖို့လိုတယ်။ ဒါမှလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားလုပ်ကိုင်သွားနိုင်မှာဖြစ်တယ်။ မျော်လင့်မထားတဲ့ဖြစ်ရပ်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းသွားနိုင်တယ်။ ရှေ့ကိုဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုလည်း ဆုံးဖြတ်ချက်ချနိုင်သွားမှာဖြစ်တယ်။ နည်းဗျူဟာဆိုင်ရာ စဉ်းစားရတဲ့အချက်များက မဟာဗျူဟာစီမံချက်များကို လွမ်းမိုးတယ်။ ထိုးစစ်ကို မဟာဗျူဟာအရ သင်လိုလားတဲ့နေရာမှာလုပ်မယ့်အစား နည်းဗျူဟာအရ လက်တွေ့လုပ်ကိုင်နိုင်တဲ့နေရာမှာ လုပ်ဖို့လိုအပ်တာမျိုးရှိတတ်တယ်။ ဥပမာအားဖြင့် တန်ဖိုးကြီးကြီးပစ္စည်းတွေကိုထုတ်လုပ်ဖို့ မဟာဗျူဟာချမှတ်ထားတဲ့ ကုမ္ပဏီတစ်ခုဟာ တန်ဖိုးအလယ်အလတ်သာရှိတဲ့ ကုန်ပစ္စည်းကို ထုတ်လုပ်သွားရင် ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်ရာမှာ အောင်မြင်မှုအလွယ်တကူ ရနိုင်ပါတယ်။ စီးပွားရေးလုပ်ရာမှာ အောင်မြင်ဖို့အရေးကြီးတဲ့ အချက်နှစ်ချက်ကတော့ မိမိနဲ့ဆက်သွယ်ရတဲ့ ဖောက်သည်တွေ သဘောကျနှစ်သက်နေရေးနဲ့ ပြိုင်ဘက်ရဲ့အားသာချက်တွေနဲ့ အားနည်းချက်တွေကိုသိထားရေးတို့ပဲဖြစ်တယ်။ အဲဒီလို ပြိုင်ဘက်နဲ့ယှဉ်ပြိုင်ရာမှာ ပြိုင်ဘက်ရဲ့အားသာချက်ကိုရှောင်ရှားပြီး အား နည်းချက်ကိုသာတိုက်ခိုက်ဖို့လိုတယ်။ မိမိရဲ့ပစ္စည်းဈေးကွက်မှာ အချိန်မှန်ရပ်တည်နေရေးနဲ့ ဈေးကွက်အပိုင်းအခြားအလိုက် […]
Posted On February 26, 2020, By CEO Editors

The Balanced Scorecard

တွက်ခြေကိုက်စာရင်းမှတ်ကတ် Balanced Scorecard အသုံးအနှုန်းမှာ ဘဏ္ဍာရေးရှင်းတမ်းတစ်ခုအဖြစ် နားလည်ရမည်ဖြစ်သော်လည်း ပါရဂူ Robert Kaplan နှင့် David Norton တို့က သမားရိုးကျဘဏ္ဍာရေးရှင်းတမ်းများကို ပိုမိုပြည့်စုံစေမည့်ပုံစံတစ်မျိုးဖြင့် ထူးခြားစွာဖော်ပြထားခြင်းဖြစ်သည်။ Overview ခြုံငုံအမြင်Balanced Scorecard သည်ပြီးခဲ့သော အခြေအနေကိုသာဖော်ပြခြင်းမဟုတ်ဘဲ လုပ်ငန်းအခြေအေနေအပြည့်အစုံ၊ လိုအပ်မှုများနှင့်ထပ်မံလုပ်ရန်လိုအပ်သည်များကိုပါ ထောက်ပြနိုင်သည်။ ဖြစ်စဉ်အရနေရာလေးခု၏ လိုအပ်ချက်၊ ရည်ရွယ်ချက်ကိုဖော်ထုတ်သည်။ ထိုလိုအပ်ချက်တို့မှာ ဘဏ္ဍာရေးအချက်အလက်၊ ဝယ်သူများ၏အမြင်၊ လိုအပ်နေသောလုပ်ငန်းတွင်းအလုပ်များနှင့် တီထွင်ဆန်းသစ်မှုများဖြစ်ပြီး လိုအပ်သည့်နေရာတွင် အစီအစဉ်များချမှတ်၍ မပြတ်သုံးသပ်ရမည်။ ဝေဖန်သုံးသပ်မှုနှင့် အချက်အလက်များ အသုံးများလွန်းသည်ဟု ဆိုနိုင်သော်လည်း ပိုမိုပြည့်စုံစေရန်လိုအပ်သလိုခွဲ၍ အရည်အသွေး စိစစ်မှုကိုပါလုပ်နိုင်သည်။ Balanced Scorecard အသုံးပြုပုံအဆင့်များScorecard ကိုအသုံးပြုရာတွင် ကုမ္ပဏီအမျိုးအစားအရွယ်အစားနှင့် ဖွဲ့စည်းထားမှုအပေါ်တည်မည်။ သို့ရာတွင် အကြမ်းအားဖြင့် အဆင့်ငါးဆင့်ရှိသည်။ ၁။ ဗျူဟာကို ရေးဆွဲအတည်ပြုပြီးကြေညာရန်၊ လူများအနေဖြင့် […]
Posted On February 26, 2020, By CEO Editors

အောင်မြင်မှုရဖို့လိုအပ်တဲ့ စီးပွားရေးအသုံး လက်နက် ၁၀၀

The Grow Model for coaching လုပ်ငန်းအမှုဆောင်များ အရည်အချင်းတိုးတက်မှုအတွက် အကောင်းဆုံးနည်းပြလမ်းညွှန်မှုပုံစံဤပုံစံတွင် အောင်မြင်တိုးတက်မှုအတွက် အရေးကြီးဆုံးလိုအပ်ချက်များကို အဆင့်လေးဆင့်ဖြင့် ဖော်ပြထားသည်။ ၁။ Goals – ရည်မှန်းချက်ပန်းတိုင်များ ၂။ Reality – စစ်မှန်သောလက်တွေ့အခြေအနေ(လက်တွေ့အမှန်တရားများ) ၃။ Options – ဖြစ်နိုင်ခြေအခွင့်အလမ်းများ ၄။ Way Forward- ရှေ့သို့လျောက်လှမ်းရမည့်လမ်း ၁။ Goals – ရည်မှန်းချက်ပန်းတိုင်များ ဦးတည်ရည်မှန်းချက်များချမှတ်ရန်မှာ အောင်မြင်တိုးတက်ရန်လိုလားသူ၏တာဝန်ဖြစ်သည်။ ဖြည့်ဆည်းပံ့ပိုးမည့်သူ (Coach) က ချမှတ်ပေးသော ရည်မှန်းချက်များ မဖြစ်ရဘဲ ၎င်း (Coach) က အားပေးကူညီရန်သာ ဖြစ်ရမည်။ ပိုမိုပြည့်စုံစွာ ရှင်းလင်းနားလည်မှုအတွက် မေးခွန်းများမေး၍ ထောက်ပံ့ပေးနိုင်သည်။ မေးနိုင်သောမေးခွန်းများ– မိမိလိုချင်သော ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။– ဘာကို အလေးထားဦးစားပေးမှာလဲ။– ဘာကိုရရှိဖို့ […]
Posted On February 3, 2020, By CEO Editors

ကိုယ့်အကြောင်းကိုယ့်သိပါ၊ ရန်သူ့အကြောင်းလည်းသိပါ

မန်နေဂျာများအတွက်ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ ဆွန်ဇူးက အောက်ပါအတိုင်းဆက်လက်မိန့်ကြားပါတယ်။”ကျွနု်ပ်တို့တပ်တွေက ရန်သူကို တိုက်ခိုက်နိုင်စွမ်းတော့ရှိပါရဲ့။ ဒါပေမဲ့ ရန်သူဟာအလွယ်တကူတိုက်လို့ရမှာမဟုတ်ဘူးဆိုရင်တော့ တစ်ဝက်တစ်ပျက်ပဲ အောင်မြင်အောင်တိုက်နိုင်မှာဖြစ်တယ်။ရန်သူကို အလွယ်တကူတိုက်နိုင်ပါရဲ့။ ဒါပေမဲ့ ကျွနု်ပ်တို့တပ်တွေက တိုက်နိုင်စွမ်းမရှိကြပြန်ရင်လည်း အောင်မြင်မှုဟာ အထက်ကအတိုင်းပဲထက်ဝက်ပဲရှိနိုင်တယ်။ ရန်သူကို တိုက်နိုင်တဲ့အနေအထားရှိတယ်။ တကယ်လည်း ဝင်တိုက်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့လှုပ်ရှားတိုက်ခိုက်ရမယ့် ရေမြေတောတောင် အနေအထားက လက်တွေ့ဝင်ရောက်တိုက်ခိုက်လို့ မရနိုင်ဘူးဖြစ်နေပြန်ရင်လည်း အထက်ပါအတိုင်းထက်ဝက်ပဲ အောင်မြင်မှုရနိုင်တယ်။ စစ်ရေးအတွ့အကြုံရှိသူများဟာ စစ်မြေပြင်မှာချီတက်လှုပ်ရှားတဲ့အခါ ယောင်ဝါးဝါး မဖြစ်ကြပါဘူး။ ခြေမကိုင်မိ လက်မကိုင်မိ ဘယ်တော့မှမဖြစ်ကြဘူး။ ဒါကြောင့်လည်း ဆိုစမှတ်စကားတစ်ရပ် ဖြစ်လာတယ်။ ”ကိုယ့်အကြောင်း ကိုယ်သိပါစေ၊ ရန်သူ့အကြောင်းလည်းသိထားပါ။ ဒါဆိုရင် ကိုယ့်ရဲ့အောင်မြင်မှုကို ဘယ်သူကမှ အန္တရာယ်ပြုနိုင်မှာ မဟုတ်ဘူး”တဲ့။ ရာသီဥတုအခြေအနေနဲ့ မြေပြင်အနေအထားတွေကို သိထားရင် ကိုယ့်ရဲ့အောင်မြင်မှုဟာ ပြီးပြည့်စုံတဲ့ အောင်မြင်မှုဖြစ်သွားတယ်။စစ်ဆင်ရေးအောင်မြင်ဖို့ အဓိကသော့ချက်က ရန်သူရဲ့လှုပ်ရှားမှုနဲ့ ရည်ရွယ်ချက်တွေကို သတိကြီးစွာထားလေ့လာသွားဖို့ပဲဖြစ်တယ်။ […]
Posted On February 3, 2020, By CEO Editors

ယဉ်ကျေးမှုခြားနားချက်များကို ညှိနှိုင်းယူခြင်း

Reconciling Cultural Differences ကမ္ဘာဆန်နေတယ်လို့ဆိုရမည့် ယခုခေတ်အခါတွင်အခွင့်အရေးနှင့် အကျိုးအမျိုးမျိုးရသည် ဟုဆိုနိုင်သော်လည်းတစ်ဖက်တွင် အန္တရာယ်များလည်းရှိနေသည်။ အကြီးမားဆုံးဟုဆိုရမည့်ကောင်းကျိုးမှာ လူမျိုးကွဲများနှင့် ပူးပေါင်းအလုပ်လုပ်နိုင်ကြသောကြောင့် အတွေးအခေါ်အသစ်များ၊ ဓလေ့ထုံးစံအသစ်များရလာကြသည်။ ပညာရှင်ကြီး Trompenaars ကအကျိုးများနိုင်တဲ့ သဘောတရား အဆင့်သုံးဆင့်ခွဲခြားပြီး ဖော်ထုတ်ခဲ့ရာ … ၁။ ယဉ်ကျေးမှုကွာခြားချက်၏ မူလသဘာဝနှင့် သြဇာလွှမ်းမိုးမှုကို သဘောပေါက်ခြင်း၊ ၂။ ယဉ်ကျေးမှုကွာခြားခြင်း၏ ဟန်နှင့်လုပ်နည်းကိုင်နည်းကို နားလည်လာခြင်း၊ ၃။ ယဉ်ကျေးမှုကွာခြားခြင်းကို ညှိနှိုင်းရန် မည်သို့ချဉ်းကပ်တန်ဖိုးထားရမည်ကို သိနားလည်ခြင်းတို့ဖြစ်သည်။ Universalists ဆိုသူများအတွက်မှာ စည်းမျဉ်းစည်းကမ်းများကို စွဲမြဲစွာလိုက်နာခြင်းသည် အဓိကဖြစ်သည်။ Particularists ဆိုသူများအတွက်မှာ ဆက်ဆံရေးနှင့်ပြောင်းလွယ်ပြင်လွယ်မှုက အရေးကြီးသည်။ သို့ဖြစ်၍ သဘောထားတစ်မျိုးတည်းအမြင်ရှိသူ (Universalists) တို့အဖို့မှာ ‘စံ’တစ်မျိုးသာမှန်သည်ဟု သဘောထားပြီး မိမိ၏သဘောစိတ်ထားနှင့် တူရန်ကြိုးစားသည်။ Particularists အဖွဲ့အစည်းတို့တွင်မူ ဆက်ဆံပေါင်းသင်းမှုမှာ စည်းမျဉ်းစည်းကမ်းထက်အရေးကြီးသည်။ […]
Posted On January 23, 2020, By CEO Editors

Customer Relationship Management (CRM)

စာသားအဓိပ္ပာယ်ကို တည့်တည့်ယူမည်ဆိုလျင် ‘ဝယ်သူများနှင့် ဆက်ဆံရေးကိုစီမံခန့်ခွဲခြင်း’ ဟုပင် ဆိုရမည် ဖြစ်သည်။ ကွန်ပျူတာခေတ်အခါအရ အသုံးပြုသူများက ကွန်ပျူတာ Software အသုံးပြုမှုနှင့် ရောင်းသူ ဝယ်သူတို့အကျိုး စီမံခန့်ခွဲခြင်းသဘောတရားများကို ဆိုလိုခြင်းဖြစ်လာသည်။ တစ်နည်းအားဖြင့် ယခုအသုံးအနှုန်း ဖြစ်ပေါ်လာမှုသည် ကွန်ပျူတာခေတ်တွင် ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်သည်။ ဝယ်သူများကို အကျိုးရှိရှိ မိမိပိုင်ဖြစ်နိုင်ရန် ကွန်ပျူတာအသုံးပြုမှုလမ်းကြောင်း အမျိုးမျိုးနှင့် စီးပွားရေးလုပ်ငန်းများ ဖန်တီးရယူတိုးချဲ့သည်ကို တွေ့လာရသည်။ နည်းပညာခေတ်၏ တီထွင် ဆန်းသစ်မှုဟုလည်း ဆိုရမည်ဖြစ်ပါသည်။ နည်းပညာအသုံးပြု၍ ဝယ်သူများ၏အလိုနှင့် အပြုအမူတို့ကို သိ ရှိနားလည်အောင်လုပ်ပြီး ပို၍ကောင်းမွန်သော၊ အကျိုးရှိသော ဆက်ဆံရေးမျိုးရအောင် အားထုတ်ကာ မိမိ ရောင်းကုန်ကို ပိုမိုရောင်းရအောင် လုပ်ခြင်းပင်ဖြစ်သည်။ မိမိလုပ်သည့် လုပ်ငန်းအမျိုးမျိုး Service Products များအတွက် Customer အများကြီးရစေရန် ထိန်းသိမ်းပြီး […]
Posted On January 15, 2020, By CEO Editors