Lenovo Smartphone အသစ်များ စတင်မိတ်ဆက်

17_lenovo_k800_07-660x579 copy Lenovo Corporation က ထုတ်လုပ်ဖြန့်ဖြူးတဲ့ Lenovo အမှတ်တံဆိပ် Smartphone တွေ မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်တဲ့အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ Traders Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာLenovo Smartphone Model အသစ်တွေဖြစ်တဲ့ K900 ၊ S 820 ၊ S920  နဲ့ A 390  တို့ကို Lenovo နဲ့ KMD ရဲ့ တာဝန်ရှိသူတွေက လက်တွေ့ရှင်းလင်းပြသခဲ့ပါတယ်။ Lenovo Smartphone တွေကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ကိုယ်စားလှယ်ရရှိထားတဲ့ KMD Computer Group  ရဲ့ Director ဒေါ်သင်းသင်းစိုးက Lenovo Smartphone  တွေ တင်သွင်းဖြစ်ပုံနဲ့ ပတ်သက်ပြီး   ”လွန်ခဲ့တဲ့လေးနှစ် ကတည်းက Lenovo  Computer  တွေ ရောင်းချခဲ့ရာကနေ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့အနေအထားတွေအရ  Smartphone  တွေကိုပါ မြန်မာနိုင်ငံဈေးကွက်ကို တင်ပို့ရောင်းချရတာဖြစ်ပြီး ကွန်ပျူတာနည်းပညာအသစ်တွေကို နိုင်ငံတကာနဲ့ တစ်ပြေးညီ ၀န်ဆောင်မှုပေးခဲ့သလိုပဲ မိုဘိုင်းဖုန်းနည်းပညာနဲ့ ပတ်သက်ပြီးတော့လည်း အချိန်နဲ့ တစ်ပြေးညီပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ KMD Computer Group အနေနဲ့ Lenovo Smartphone Model အသစ်တွေကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးတာနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို အောက်တိုဘာလ ၅ ရက်နေ့က တော်ဝင်စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။