Lenovo ရဲ့ Product အသစ်မိတ်ဆက်ပွဲ

article landscape wartermark final2

KMD မှ Lenove Notebook၊ Desktop နဲ့ Tablet များ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်က ရန်ကုန်မြို့၊ Juction Square Promotion Area မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ KMD ရဲ့ Director ဒေါ်သင်းသင်းစိုးနဲ့ Lenovo မှ တာဝန်ရှိသူ Country General Manager Mr Roland Chew က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ပွဲမှာ Uranium Dancer အဖွဲ့ရဲ့ အကအလှများ၊ Model များရဲ့ Product နှင့်အတူ သရုပ်ပြမှုများနဲ့ Touch and Beat ဂိမ်းပြိုင်ပွဲများလည်း ပြုလုပ်ခဲ့ပါတယ်။

Lenovo ကနေအသစ်ထပ်မံထွက်ရှိတဲ့ Product  ၇ မျိုးကတော့ (Ideapad G40၊ Ideapad Z40၊ Lenovo Y50၊ Ideapad Flex 2၊ Lenovo Idea Centre Q190၊ Lenovo Yoga 2 Pro၊ Lenovo Yoga Tablet 10 HD+) တို့ဖြစ်ပြီး Offical 1 Year Warranty ကနေ 3 Years Warranty ပေးထားတယ်လို့သိရပါတယ်။ Lenovo Product တွေမှာ AMD Graphic Series၊ Optical drive၊ Dolby Advanced Audio System များပါဝင်ပြီး ဒီပစ္စည်းတွေကို အမြို့မြို့အနယ်နယ်ရှိ KMD အရောင်းပြခန်းတွေနဲ့ တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

 

article landscape wartermark final9

article landscape wartermark final10 article landscape wartermark final6 article landscape wartermark final5 article landscape wartermark final4 article landscape wartermark final3