advertisement-image
Golf

ကြီးကျယ်သော ပြိုင်ပွဲနှင့် ခမ်းနားသော ဂေါက်ကွင်း

ဘတ်ခ်မန်စ် အဆောက်အအုံနှင့် ဧည့်ခံအိမ်ရာများ . . . မာစတာစ်ပြိုင်ပွဲကာလ၌ ဒေါ်လာခြောက်ထောင်ခန့် သင်ပိုသုံနိုင်သေးပါလျှင် ဘတ်ခ်မန်စ်အဆောက်အအုံ (Berckmans Place) သို့ သွားရောက်ဇိမ်ခံနိုင်ပါသည်။ ဘတ်ခ်မန်စ်မှာ သြဂတ်စ်တာဂေါက်ကွင်းမဖြစ်ပေါ်မီက ရှိခဲ့သော သစ်သီးဝလံပန်းမန် ဥယျာဉ်ခြံမြေကြီး၏ ပိုင်ရှင်ဖြစ်ခဲ့သူပါ။ ဘတ်စ်မန်စ်၏နေအိမ်မှာ ကလပ်ဟောက်စ်ပင် ဖြစ်ခဲ့ပါသေးသည်။ ၂၀၁၃ နှစ်တွင်မှ ကျင်းငါးဖဲဝေးအနီးတွင် စတုရန်းပေ တစ်သိန်းကျယ်ဝန်းသော ဘတ်ခ်မန်စ်အဆောက်အအုံကို ဆောက်လုပ်ဖွင့်လှစ်ခဲ့ခြင်းပါ။ ဖျော်ဖြေပွဲများ၊ စားသောက်ခန်းမနှင့် ယမကာမျိုးစုံရှိသော အဆောက်အအုံကြီးဖြစ်ပါသည်။ ကလပ်ပတ်လည်တွင်လည်း မရေမတွက်နိုင်သော ဧည့်ခံရေးမဏ္ဍပ်အိမ်များရှိနေကြပါသည်။ ပြိုင်ပွဲကာလအတွင်း ကုမ္ပဏီများက ယင်းတို့ပိုမိုထင်ရှားကျော်ကြားရေးအတွက် လာဖွင့်ကြခြင်းပါ။ စီးပွားရေးဆိုင်ရာ အင်တာနက်ဆက်သွယ်မှုစနစ်များလည်း ရှိကြသည်။ သင်က ကုမ္ပဏီကြီးတစ်ခု၏ အရေးပါသူတစ်ယောက်ဖြစ်ပါလျှင် ထိုမဏ္ဍပ်အိမ်များသည် သင့်မိတ်ဆွေများအား ဧည့်ခံရန်အတွက် အလွန်ကောင်းမွန်လှသော နေရာဖြစ်ပါသည်။ ၀ိုင်နှင့်အစားအသောက်ကောင်းများက အထင်ကြီးစရာပါ။ သြဂတ်စ်တာနေရှင်နယ်ဂေါက်ကွင်း၏ […]
Posted On November 23, 2016, By Editorial

ကြီးကျယ်သောပြိုင်ပွဲနှင့် ခမ်းနားသောဂေါက်ကွင်း

ကမ္ဘာ့အချမ်းသာဆုံးနှင့် အာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က သင့်အား သူ့အိမ်သို့လာရောက်၍ အကောင်းဆုံးပွဲလမ်းကြီးတစ်ခုအား ကြည့်ရှုလှည့်ပါဟု ဖိတ်ကြားလာသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ ဤသည်မှာ မာစတာဂေါက်သီးပြိုင်ပွဲကြီးသို့ သွားကြည့်ခွင့်ရသူတိုင်း အားရကျေနပ်စွာရခဲ့ကြသည့် ခံစားချက်ပင် ဖြစ်ပါသည်။ မာစတာစ်ပြိုင်ပွဲကြီးအား သြဂတ်စ်တာနေရှင်နယ်ဂေါက်ကလပ်က ကြီးမှူးကျင်းပသည်။ ထိုဂေါက်ကလပ်တွင် ကမ္ဘာ့အကြွယ်ဝဆုံးနှင့် အာဏာအရှိဆုံး စာရင်းဝင်အသင်းသား Member သုံးရာ ရှိသည်။ ထို Member သုံးရာက နှစ်စဉ် မာစတာစ်ပြိုင်ပွဲကြည့်ခွင့် လက်မှတ်လေးသောင်းကိုသာ ထုတ်ပေးပါသည်။ ထုတ်ပေးသည်ဆိုရာ၌ လက်မှတ်ဝယ်ယူခွင့်ပြုခြင်း ဖြစ်ပါသည်။ ၀ယ်ယူခွင့်ရသူက ငွေတော့များစွာ ကုန်ကျသွားပါလိမ့်မည်။ သြဂတ်စ်တာနေရှင်နယ်ဂေါက်ကလပ်သည် အလွန်သီးသန့်ကျသည့်ကလပ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အက်တ်လန်နာမြို့ကြီးအနီးရှိ သြဂတ်စ်တာမြို့လေးတွင် တည်ရှိပါသည်။ မာစတာပြိုင်ပွဲကြီးသည် ၁၉၃၄ ခုနှစ်မှစ၍ ဤဂေါက်ကွင်းတစ်ခုတည်းတွင်သာ နှစ်စဉ် ဧပြီလ ဒုတိယပတ်တွင် ကျင်းပပါသည်။ ဘော်ဘီဂျုံးစ်နှင့်ကလစ်ဖို့ဒ်ရောဘတ်စ်တို့ စတင်တည်ထောင်ခဲ့သော ဤကလပ်၌ […]
Posted On October 7, 2016, By Editorial

ကြေးလက်ကောက် ၂

ကြေးလက်ကောက်များ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုမှ Mr.Sergio Lub ဆိုသူက ကြေးလက်ကောက် ၀တ်ထားသူတစ်ဦးတစ်ယောက်သည် ၀တ်ထားသည့်နေရာနှင့် ထိမိနေသည့် လက်ကောက်ဝတ်၌ အစိမ်းရင့်ရောင် စွန်းထင်းနေသလို လက်ကောက်ရာကြီးမျိုး တွေ့နေရပါက ထိုသူသည် ဓာတ်သတ္တုများ လိုနေသူဖြစ်ကြောင်း၊ ခန္ဓာကိုယ်၏ ကြေးနီဓာတ်ငတ်မွတ်နေမှုကို ပြသနေသည့် လက္ခဏာပင်ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ ကြေးလက်ကောက်ကို မယုံသောကြောင့် ၀တ်ဆင်ခြင်းမပြုသူများ ရှိသလို ၀တ်ဆင်သော်ငြားလည်း သိပ်မယုံသူများလည်း ရှိပါတယ်။ Walter Morgan က ဆိုပါလျှင် ၎င်းကြေးလက်ကောက်ပတ်ရခြင်းမှာ အရိုးအဆစ်ရောင် ရောဂါကြောင့် ဖြစ်ကြောင်း၊ သို့သော်ငြားလည်း ယင်းကြောင့် ရောဂါတကယ်သက်သာသလား ဆိုတာကိုတော့ ပြောရခက်ကြောင်း၊ သင်ပတ်ထားပြီးနောက် ဂေါက်သီးကစား၍ လက်တွေ့နေလျှင် သို့မဟုတ် နိုင်ပွဲတွေရှိလာလျှင် ဘာကြောင့် ချွတ်ပစ်မှာလဲ၊ ဆက်ပတ်ထားမည်သာဖြစ်ကြောင်း၊ ဘာရောဂါမှ မပျောက်ဘူးဆိုသည့်တိုင် အလှအပတစ်ခုအဖြစ် ၀တ်ဆင်သည့် […]
Posted On September 21, 2016, By Editorial

ကြေးလက်ကောက်

အစကတော့ တစ်ဦးနှစ်ဦးပဲ တွေ့မိပါသည်။ ကြေးလက်ကောက် (Copper Bracelet) ၀တ်သူကိုပါ။ တဖြည်းဖြည်းနဲ့ ဂေါက်သီးသမားတွေ တော်တော်များများ ၀တ်လာကြသည်။ လက်ကောက်ဝတ်ရှိ နာရီပတ်သည့်နေရာတွင် ၀တ်ဆင်ထားကြခြင်းဖြစ်ပါသည်။ စာရေးသူ၏ ဂေါက်သီးမိတ်ဆွေတွေထဲမှာလည်း ရှိသည်။ ပထမတော့ စာရေးသူက အလေးအနက်မထားပါ။ အလှပတ်ကြတာဟု ထင်မိသည်။ နောက်တော့ အဆောင်အဖြစ်ထားတာပဲ ဖြစ်မည်ဟု တွေးမိသည်။ စကားစပ်မိ၍ မေးကြည့်တော့ ကျန်းမာရေးကြောင့်တဲ့။ စာရေးသူ မယုံကြည်ခဲ့ပါ။ ထိုသူတွေကို ကြည့်လိုက်ပါလျှင် ကြေးလက်ကောက်သည်လည်း ဂေါက်ရိုက်၍ ထွက်လာသော ချွေးတွေဖြင့် ပေကျံနေသည်။ လက်ကောက်ဝတ်တွင် ကြေးလက်ကောက်အရာ စိမ်းဖန့်ဖန့် မည်းသည်းသည်း ကြေး(ဂျီး)ကြောင်းကြီးလိုလည်း ထင်ကျန်နေသည်။ စာရေးသူကတော့ ကျန်းမာရေးဖြစ်မည့်အစား မကျန်းမာရေးက ပိုဖြစ်မည်ဟု တကယ်ပင်ထင်ခဲ့မိပါသည်။ နောက်ပိုင်းတွင် ကြေးလက်ကောက်အကြောင်း မကြာမကြာစာများ ဖတ်ရသည်။ ဂေါက်မဂ္ဂဇင်းများတွင်ပင် ပါလာသည်။ […]
Posted On July 14, 2016, By Editorial

မက်ကဲလ်ရွိုင်း စေ့စပ်ပြန်ပြီ

ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးသမားဟောင်းနှင့် ယနေ့ ကမ္ဘာ့နံပါတ်သုံး ဂေါက်သီးသမားဖြစ်သူ မြောက်အိုင်ယာလန်ပရို အသက် ၂၆ နှစ်ရှိ ရော်ရီမက်ကဲလ်ရွိုင်း (Rory McItroy) က မိန်းကလေးသူငယ်ချင်းအဖြစ် တွဲနေသူလေး အဲရစ်ကာစတိုးလ် (Erica Stoll) နှင့် စေ့စပ်လိုက်ပါပြီဟု ယမန်နှစ် ဒီဇင်ဘာလက သတင်းထုတ်ပြန်ခဲ့ပါသည်။ မက်ကဲလ်ရွိုင်းက စတိုးလ်အား ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ လက်ထပ်ခွင့်တောင်းခံခဲ့ခြင်း ဖြစ်ပါသည်။ မက်ကဲလ်ရွိုင်းထက် တစ်နှစ်သာငယ်သော စတိုးလ်သည် အမေရိကန် ပီဂျီအေအဖွဲ့အစည်း၏ ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက သူတို့နှစ်ဦး ချစ်သူများဖြစ်ခဲ့ကြသည်။ အဲရစ်ကာသည် အနေနိမ့်သူလေးဖြစ်ကြောင်း၊ ထင်ထင်ပေါ်ပေါ် ပပလွှားလွှား မနေတတ်ကြောင်း၊ ပြိုင်ပွဲများစွာတွင် သူ့အနား၌ရှိခဲ့ကြောင်း၊ သို့သော် လူမသိ၊ သူမသိ၊ မထင်မရှားသာနေခဲ့ကြောင်း မက်ကဲလ်ရွိုင်းက ပြောပြသည်။ သူက အဲရစ်ကာအား 'တည်ငြိမ်အေးဆေးစွာဖြင့် […]
Posted On June 20, 2016, By Editorial

ဂေါက်ရိုက်လေ့ကျင့်ရင်း အနားယူအပန်းဖြေနိုင်မယ့်OKKALA GOLF RANGE

ဂေါက်သီးရိုက်အားကစားကိုစတင်ပြီးလေ့လာချင်လို့ပဲဖြစ်ဖြစ်၊လက်ရည်ကျသွားလို့ လေ့ကျင့်ချင်တာပဲဖြစ်ဖြစ်၊ အဲဒီလိုလေ့ကျင့်ချင်သူတွေအတွက် စနစ်တကျ သင်တန်းတွေပေးပြီး မြန်မာ့ဂေါက်သီးရိုက်အားကစား လောကကို အဆင့်မြင့်စေချင်တယ်ဆိုတဲ့ Okkala Golf Range ရဲ့ Managing Director  ဦးဆန်းထွန်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ဂေါက်သီးရိုက်အားကစားနဲ့ကျန်းမာရေး ဂေါက်သီးရိုက်အားကစားက ကျန်းမာရေးကို အတော်လေး အထောက်အကူပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လမ်းလျောက်ပြီး ကစားရတာဖြစ်ပါတယ်။ အနည်းဆုံး ငါးမိုင် လောက် လမ်းလျောက်ကစား ရတာပါ။ နောက်တစ်ခုက ရိုက်တဲ့အခါမှာလည်း အင်အားသုံးပြီး ရိုက်ရတာပဲဖြစ်ပါ တယ်။ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ လှုပ်ရှားမှုနဲ့ သွေးလေလည် ပတ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ ကိုယ်ခန္ဓာမှာရှိတဲ့ အဆီပိုတွေကို လျော့ချတဲ့နေရာမှာ ထိရောက်မှုရှိတာကိုတွေ့ ရပါတယ်။   ဂေါက်သီးရိုက်အားကစားနဲ့ ရရှိလာတဲ့ အကျိုးတရားများ ဂေါက်သီးရိုက်အားကစားဆိုတာ Social အားကစားတစ် ခုလည်း ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးအားကစားတစ်ခုပါ။ […]
Posted On September 11, 2014, By Editorial

သဲပြင်ပေါ်မှာ ဆယ်ယူခြင်း Bobby Hinds, PGA

လက်ကိုင်ပုံမှန်ပါစေ ဂေါက်တုတ်အားကိုင်ထားသည့်လက်ကိုင်ပုံစံသည် ရိုက် ချက်ပေါ်၌ လွှမ်းမိုးနေပါသည်။ လက်ကိုင်ပုံစံ နှစ်မျိုးရှိပါ သည်။ ဘေးပုံ၌၀ိုင်းပြထားသောပုံစံမှာ ပုံမှန် (Standard Grip) ဖြစ်ပြီး အောက်ဘက်ရှိပုံသေးမှာ ”အလွှတ်မြန်” ပုံစံ ဖြစ်ပါသည်။ ”အလွှတ်မြန်” ပုံစံဟူသည်မှာ Week Grip’ ကို ပြောခြင်းပါ။Strong Grip နှင့် Weak Grip  များကို နား လည်ရန်လိုအပ်သည်။ တင်းကျပ်စွာဆုပ်ကိုင်ခြင်း၊ ဖြေလျော့ စွာဆုပ်ကိုင်ခြင်းကို ပြောခြင်းမဟုတ်ပါ။ှStrong Grip ဟူ သည် ဘယ်လက်၏လက်ခေါက်ဆစ်များ အနည်းဆုံး နှစ် လုံး၊ သုံးလုံးစသဖြင့် တစ်လုံးမက မိမိမျက်စိဖြင့် မြင်တွေ့ နေရသော အနေအထားဖြစ်ပြီွးှWeak Grip ဟူသည် လက် ခေါက်ဆစ်တစ်လုံးသာမြင်တွေ့နေရသော အနေအထားကို ပြောခြင်းပါ။ […]
Posted On July 10, 2014, By Editorial

သဲပြင်ပေါ်မှာ ဆယ်ယူခြင်း Bobby Hinds, PGA

ခြေထောက်မကြွသောရိုက်ချက် အထက်ပုံပါ တစ်ကွက်ပြီးတစ်ကွက် ပြသထားသော အ ဆင့်ဆင့်ရိုက်သွားပုံများအားကြည့်ပါ။ ကျွန်ုပ်၏ နောက်ခြေ (ညာခြေ) သည် ဆွင်းတောက်လျောက် သဲထဲမှ ကြွမတက် ဘဲရှိနေပါသည်။ ဤသို့လုပ်ခြင်းကြောင့် ခြေထောက် ချော် ထွက်ခြင်း၊ လျောထွက်ခြင်း မဖြစ်ပေါ်ပါ။     နာက်တစ်ချက်မှာ ကိုယ်ခန္ဓာအောက်ပိုင်းတင်း ထားလေ ကိုယ်ခန္ဓာအပေါ်ပိုင်းက အလှည့်တွင် အမြန်နှုန်း ပိုရလေ ဖြစ်လာခြင်းပါ။ ဤနည်းအား သင်စမ်းကြည့်ပါ။ သင့်ကိုယ်အလေး ချိန်အား ပုံမှန်သဘာဝအတိုင်း ရိုက်ချိန်၌ နောက်ခြေပေါ်မှာ ရှေ့ခြေပေါ်သို့ ရွှေ့ပြောင်းပေးပါ။ သတိပြုရန်မှာ ခြေနှစ်ဖက် စလုံးကြွတက်ခြင်းမဖြစ်စေရန်ကိုသာပါ။ ချက်ချင်းဆိုသလို ကိုယ်လုံးအပေါ်ပိုင်းအမြန်နှုန်း တိုးတက်ရရှိလာမှုကို သင် တွေ့ရပါလိမ့်မည်။   ကြွက်သားများကို မသုံးဘဲ အမြန်နှုန်းကို အသုံးချပါ သဲထဲ၌ ကျင်းတူးသလိုမျိုး မရိုက်ပါနှင့်။ […]
Posted On May 29, 2014, By Editorial

Putt For Dough

ဂေါက်သီးကစားရာတွင် ဆိုရိုးတစ်ခုရှိသည်။ Drive Show and Putt For Dough  ဟူ၍ပါ။ ဆိုလိုသည်မှာ တီခုံမှ ရိုက် လိုက်သောဒရိုက်ဗ်များ ကောင်းခြင်းသည် ရှိုးပြရုံ၊ သူများ အထင်ကြီးရုံ သက်သက်သာဖြစ်ပြီး ကျင်းစိမ်ရိုက်ချက်ကောင်း ကမှ ပိုက်ဆံရစေသောတကယ့်ရိုက်ချက် အမှန်ဖြစ်ကြောင်းပါ ပင်။ ဂရင်းပေါ် နေရာအနှံ့မှ ကျင်းစိမ် ချက်ပတ်တင်များဝင်ဖို့ သည် အရေးကြီးလှပါသည်။ မ၀င်သည့်တိုင် တူးပတ်ရရန် လိုအပ်ပါသည်။ သရီးပတ်ဖြစ်ခြင်းများသည် ပတ်တင်အား အလေးမထား ဂရုမစိုက်ကြ၍ပါ။ ပတ်တင်ဟူသည် ဒရိုက်ဗ် ကဲ့သို့ လေ့ကျင့်ရသည်ဆိုခြင်းကို မသိကြ၍ပါ။ ကျင်းပေါက်နှင့် ဆယ်ပေခန့်အကွာမှ ကျင်းစိမ်ရန် ဂေါက်သီးသုံးလုံးကို တန်းစီထားလိုက်ပါ။ ကျင်းပေါက်သို့သာ စိုက်ကြည့်ရင်း ပထမနှစ်လုံးကို ရိုက်လိုက်ပါ။ ဂေါက်သီးကို ကြည့်ကို မကြည့်ပါနှင့်။ တတိယအလုံးတွင်မူ ပုံမှန်အတိုင်း […]
Posted On January 9, 2014, By Editorial

ဂရင်းများပေါ်သို့ ပိုရောက်စေရန် Jeff Johnson, PGA

တီနှစ်ချောင်းကျင့်စဉ် ဂေါက်သီးအား မိမိရရရိုက်ထိမိခြင်း နောက်ကွယ်မှ လျို့ဝှက်ချက်က မည်သို့နည်း။ ဂေါက်သီးအား ဦးစွာထိမှုပါ။ မြက်အားမရိုက်မိခင် ဂေါက်သီးအား အရင်ထိခြင်းသည် သင်ဂေါက်ရိုက်ကောင်းသူတစ်ဦးဖြစ်လာစေရန် အဓိက အရေးပါလှသောအချက်ပါ။ ဂေါက်သီးအရင်ထိရန်အတွက် ဂေါက်သီးပါရန်မလိုသော လေ့ကျင့်မှုကောင်းတစ်ရပ်မှာ တီ နှစ်ချောင်းအားသုံးသည့် လေ့ကျင့်ခန်းဖြစ်ပါသည်။ ဂေါက် သီးရှိနေမည့်နေရာတွင် ရှေ့နောက် တီနှစ်ချောင်းစိုက်လိုက်ပြီး လွှဲရိုက်သည့်အခါတွင် ပစ်မှတ်ဘက်ရှိ တီအားရိုက်မိစေရန် အာရုံစိုက်ပါ။ အပေါ်ပုံများပါ ဖြစ်စဉ်များအားကြည့်ပါ။ သော့ချက် နှစ်ရပ်ရှိပါသည်။ ပထမသော့ချက်မှာ လက်များ အားကောင်းစွာဆန့်ထုတ်ခြင်းဖြစ်ပြီး ဒုတိယသော့ချက်မှာ ထိရိုက်ချိန်မှ ဆွင်းအပြီးသတ်ချိန်အထိ ခန္ဓာကိုယ်အား အ ပြည့်အ၀လှည့်ထုတ်သွားခြင်း ဖြစ်ပါသည်။   ခြေထောက်နှစ်ဖက်ပူးကပ်ထားသော ကျင့်စဉ် သင့်၌လွန်ကဲသော ကိုယ်အပေါ်ပိုင်းလှည့်ထုတ်မှုရှိနေပြီး ယင်းအား ဖျောက်ချင်ပါက အကောင်းဆုံးနည်းလမ်း မှာ ခြေနှစ်ဖက်ပူး၍ အရိုက်လေ့ကျင့်သော ကျင့်စဉ်ဖြစ်ပါ သည်။ […]
Posted On October 23, 2013, By Editorial
1 3 4 5