KATE AMAZING Jeans Fashion Shop

လုပ်ငန်းစတင်ဖြစ်ခဲ့ပုံ . . .

ဆိုင်ပိုင်ရှင်မေပန်းချီက အနုပညာသမားတစ်ယောက်အနေနဲ့ အမြဲတမ်းထိတွေ့နေရတဲ့အတွက် Fashion Shop ကို ဖွင့်ဖို့ စဉ်းစားခဲ့ဖူးပြီး အနုပညာသမားတော်တော်များများက Fashion Shop တွေဖွင့်ကြပေမယ့် ဂျင်းသီးသန့်ဆိုင်သိပ်မတွေ့တာရယ်၊ ကိုယ်ကိုတိုင်ကလည်း ဂျင်းကို ကြိုက်တဲ့အတွက် ဖွင့်ဖြစ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

KateAmazing1

ဝန်ဆောင်မှုတွေနဲ့ အသုံးပြုတဲ့ပစ္စည်းအမျိုးအစား . . .

ဂျင်းသီးသန့်ကြိုက်တဲ့သူတွေတွေ စုံစုံလင်လင်ရနိုင်အောင် ဆိုင်မှာတင်ထားကြောင်း၊ ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီ၊ ဂျင်းဖိနပ်၊ ဂျင်းအိတ်၊ ဂျင်းဖုန်းကာဗာ၊ ဂျင်းလက်ပတ်တွေကအစ စသဖြင့် အကုန်ရနိုင်ပြီး ဆိုင်က သီးသန့်ထုတ်တဲ့ ဂျင်းသားနဲ့ချုပ်ထားတဲ့ မြန်မာဝတ်စုံတွေကိုလည်း ဈေးချိုသာစွာနဲ့ ရောင်းချပေးနေတယ်လို့ ဆိုင်ပိုင်ရှင်မမေပန်းချီက ပြောပြပါတယ်။ ဂျင်းနဲ့ပတ်သက်ပြီး လူတန်းစားမရွေး ၀ယ်နိုင်အောင်လို့လည်း လုပ်ထားပေးကြောင်းသိရပါတယ်။

KateAmazing2

ဈေးနှုန်းနဲ့အမျိုးအစား . . .

ပစ္စည်းတန်ဖိုးကတော့ အနည်းဆုံး ၅,၀၀၀ ကျပ်ကနေ အများဆုံးသိန်းဂဏန်းထိ ရှိပါတယ်။ ဆိုင်မှာတင်ထားတဲ့ ဂျင်းတွေက အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းစတဲ့ နိုင်ငံတွေကထုတ်တဲ့ဂျင်းတွေဖြစ်ပြီး အဲဒီအပေါ်မူတည်ပြီးတော့ ဈေးနှုန်းက ကွာခြားတာဖြစ်ပေမယ့် အရည်အသွေးပိုင်း အာမခံတယ်လို့လည်း သိရပါတယ်။

ဆိုင်ဖွင့်ချိန် . . .

Kate Amazing Jeans Fashion Shop ကို ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး နေ့စဉ် နံနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်ရောင်းချပေးနေပါတယ်။ Jeans ရဲ့ အရည်အသွေးပိုင်းကို အဓိကထားတယ်လို့ သိရပါတယ်။

KateAmazing3

အနာဂတ်အစီအစဉ် . . .

နောက်ပိုင်း ဂျင်းသားနဲ့ချုပ်ထားတဲ့ ယောက်ျားလေးဝတ် လည်ကတုံးအင်္ကျီတွေကိုပါ တင်ထားပေးသွားမှာဖြစ်ပြီး အနယ်နယ် အရပ်ရပ်ကနေပါ ၀ယ်လို့ရအောင် အွန်လိုင်းကနေရောင်းပေးဖို့ ရှိတယ်လို့ သိရပါတယ်။ Jean Only ရောင်းတဲ့ဆိုင်ခွဲတွေ ထပ်ဖွင့်ဖို့လည်း အစီအစဉ်ရှိပါတယ်။

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့်ဖုန်း . . .

ဝေဇယန္တာလမ်းမပေါ် (ဝေဇယန္တာ City Mart) အနီး အမှတ် ၉၉၈၊ မေတ္တာလမ်း၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – ၀၉၇၇၈၈၈၆၃၀၀

www.facebook.com/KateAmazingJeans