Junction Centre Mawtin ဖွင့်လှစ်ခြင်းအမှတ်တရ ဂီတဖျော်ဖြေပွဲ

Junction Mawtin 10

Junction Centre Mawtin ဖွင့်လှစ်ခြင်းအမှတ်တရ ဂီတဖျော်ဖြေပွဲကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်က Centre ရဲ့ Promotion Area မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ Dream Boat Entertainment ရဲ့ Game Program တွေ၊ ဟားငါးကောင်ရဲ့ ပျော်ရွှင်ဖွယ်ဟာသတွေနဲ့အတူ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ စည်သူလွင်၊ ဂျီလတ်၊ ဝေလ၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့်၊ ခင်နုနုနိုင် တို့ရဲ့ သီဆိုဖျော်ဖြေမှုအပြင် Life & Dance ၊ Jade Dragon တို့က ကပြဖျော်ဖြေသွားခဲ့ပါတယ်။ Customer တွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ “Shop n Win” lucky Draw Promotion အစီအစဉ်ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်က ငွေကျပ် ၂၀,၀၀၀ ဖိုးဈေးဝယ်ယူပြီး Lucky Draw Coupon တစ်စောင်ပြန်လည် ရယူကံစမ်းပြီး MORRIS GARAGES (MG3) Brand New Car တစ်စီးအပါအ၀င်အခြားတန်ဖိုးကြီး ဆုမဲ (၃၀) ကို ကံစမ်းမဲဖောက်ဆုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

Junction Mawtin 1 Junction Mawtin 8 Junction Mawtin 7 Junction Mawtin 6 Junction Mawtin 5 Junction Mawtin 4 Junction Mawtin 3 Junction Mawtin 2