JEFF’s KITCHEN

JeffKitchen1

ဆိုင်တည်နေရာ . . .

အမှတ် ၄/အေ ၊ ကန်ရိပ်သာလမ်း (ချော်တွင်းကုန်း)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

JeffKitchen2

ဆိုင်ဖွင့်ချိန် . . .

နံနက် ၁၀း၃၀ နာရီ မှ ည ၁၀း၃၀ နာရီထိ ဖြစ်ပါတယ်။

စတင်ဖွင့်လှစ်တဲ့ရက် . . .

၂၀၁၆ ရဲ့ New Year's Eve မှ စဖွင့်ခဲ့ပါတယ်။

JeffKitchen3

ရည်ရွယ်ချက် . . .

– အဓိကကတော့ ၀ါသနာပါလို့ပါ။

– ကိုယ်တိုင် Malaysia နဲ့ Australia မှာ Hospitality Management သင်ယူလေ့လာပြီး Experience ပါရအောင် လုပ်ငန်းခွင်ဝင်ခဲ့ပါတယ်။

– ကိုယ်သိထား၊ တတ်ထားတာတွေကို ပြန်အသုံးချတာပါ။ အမြတ်ရဖို့က အဓိကမဟုတ်ပါဘူး။

– ကိုယ့်ဆိုင်က အစားအသောက်တွေကို ဧည့်သည်တွေ ကြိုက်နှစ်သက်တယ်လို့ ကြားသိရရင် အတိုင်းမသိ ၀မ်းသာပါတယ်။

JeffKitchen4

ရရှိနိုင်တဲ့ဝန်ဆောင်မှု . . .

–         ကောင်းမွန်သပ်ရပ်တဲ့ အပြင်အဆင်နဲ့ ကျယ်ဝန်းတဲ့ နေရာထိုင်ခင်း (Private Functions/Event တွေအတွက် Ideal Place ပါ)၊

– ချိုသာဖော်ရွေပြီး မြန်ဆန်တဲ့ Services Staffs တွေ၊

– ကျယ်ဝန်းတဲ့ ကားရပ်နားဖို့နေရာတွေ ဖြစ်ပါတယ်။

JeffKitchen5

Promotion နဲ့ Discount . . .

ဆိုင်စဖွင့်တဲ့ အထိမ်းအမှတ်အနေနဲ့ January တစ်လလုံး Food အတွက် နှစ်ဆယ်ရာခိုင်နှုန်း Discount ပေးခဲ့ပါတယ်။ February ထဲမှာ Menu အသစ်ကို Launch လုပ်ပြီး Promotion ထပ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

JeffKitchen6

Menu တွေက . . .

Thai & Mediterranean Cuisines (ယိုးဒယားနှင့် အနောက်တိုင်းအစားအစာတွေ) ဖြစ်ပါတယ်။ မဖြစ်မနေ စားသင့်တာတွေကတော Churrasco နဲ့ Seafood Yellow Curry ပေါ့။

Chef တွေက . . .

Exceutive Chef နဲ့ Sous Chef က Bankok က 5 Star Hotel တွေမှာ လုပ်ခဲ့တဲ့ ထိုင်းလူမျိုးတွေပါ။ ကျန်တဲ့ Chef တွေကတော့ နိုင်ငံတကာ အတွေ့အကြုံရှိခဲ့တဲ့ စားဖိုမှူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။

JeffKitchen7

ဈေးနှုန်းပိုင်းအနေနဲ့ကတော့ . . .

ကျပ် ၃,၉၀၀ မှ ၂၅,၀၀၀ အထိရှိပါတယ်။ အကောင်းဆုံး အလတ်ဆတ်ဆုံး Ingredients တွေကို အသုံးပြုထားပါတယ်။ တချို့ဧည့်သည်တွေဆို ''ဒီအပြင်အဆင်၊ အစားအသောက် အရသာနဲ့ ဒီလိုဈေးသက်သာမယ်လို့ မထင်မိဘူး'' လို့ ပြောကြပါတယ်။

အနာဂတ်အစီအစဉ် . . .

Jeff's Kitchen မှ ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေပေးရင်း ဆိုင်ခွဲတွေတိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။ ပြောင်းလဲနေတဲ့ Trend ပေါ်မူတည်ပြီး အစားအသောက်ပိုင်းရော၊ ၀န်ဆောင်မှုအပိုင်းမှာပါ ပိုမိုကောင်းမွန်အောင် Changes တွေ လုပ်ဖြစ်နေမှာပါ။

သန္တာညွန့်ဝင်း