Jaymart Mobile မှ Official Samsung Showroom ဖွင့်လှစ်

5 4 3 2 1

ထိုင်းနိုင်ငံရဲ့ နံပါတ်တစ် Mobile Phone Retailer ဖြစ်တဲ့ Jaymart Mobile မှ မြန်မာနိုင်ငံမှာဖွင့်လှစ်တဲ့ Official Samsung Showrooom ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ Jaymart Mobile Samsung Showroom မှာပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ Samsung မှ တာဝန်ရှိသူတစ်ဦးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဆိုင်မှာ ရရှိနိုင်မယ့် Samsung Brand    ပတ်သက်လို့ တက်ရောက်လာကြတဲ့ သတင်းမီဒီယာသမားတွေနဲ့ ဧည့်သည် တော်တွေကို ဆိုင်ဝန်ထမ်းများက ရှင်းလင်းပြသခဲ့ပါတယ်။ ဆိုင်ဖွင့်ဖြစ်တဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ Jmart Mobile ရဲ့ Chief Marketing Officer Mr Jong Hann Fan က “ ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံမှာ Samsung သုံးစွဲတဲ့ Customer တွေအာလုံး Samsung Product တွေကိုဝယ်ယူရရှိနိုင်ဖို့အတွက်ရည်ရွယ်ပြီး အခုလို Samsung နဲ့ပူးပေါင်းဖွင့်လှစ်ဖြစ်သွားတာပါ” လို့ပြောပြခဲ့ပါတယ်။ Jaymart Mobile Samsung Showroom အနေနဲ့ Samsung Showroom တွေကပေးတဲ့တူညီတဲ့ဈေးနှုန်း၊ Official Warranty ၊ တူညီတဲ့ ၀န်ဆောင်မှုတွေကိုပေးအပ်သွားမယ့်အပြင် Customer တွေအတွက် ဗလာမပါကံစမ်းမဲ၊ စိတ်ဝင်စားဖွယ် Promotion အစီအစဉ်တွေနဲ့အတူ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။