ဂျပန်မြန်မာစီးပွားရေးလုပ်ငန်းရှင်များနဲ့ နည်းပညာလုပ်ငန်းရှင်များတွေ့ဆုံပွဲ

ဂျပန်နိုင်ငံ Fukuoka SME အဖွဲ့နဲ့ မြန်မာနိုင်ငံမှ APOP (Alternative Plant for Opium Poppy) အဖွဲ့တို့ ပူးပေါင်းကျင်းပတဲ့ ဂျပန်-မြန်မာ နည်းပညာလုပ်ငန်းရှင်များတွေ့ဆုံပွဲကို MICT Park ရှိ Main Building မှာ သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ပွဲကို Fukuoka SME အဖွဲ့ရှိ နယ်ပယ်အသီးသီးမှလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမှ နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များတက်ရောက် ခဲ့ကြပါတယ်။ ပွဲကို APOP မှ Yutaka Agatsuma (ခ) ဦးအောင်ဇေယျမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါတယ်။ ပွဲမှာ နည်းပညာဖလှယ်ခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကာ ဆွေးနွေးပွဲအဆင်ပြေစေရန် ဘာသာစကား အခက်အခဲရှိသူများကို ဂျပန်-မြန်မာ စကားပြန် ၄ ဦးက အကူအညီပေးခဲ့ပါတယ်။

article landscape wartermark final5

article landscape wartermark final3 article landscape wartermark final2 article landscape wartermark final1