Jack Ma ၏ ပထမဆုံးပန်းချီကား

jackma1

Alibaba ၏ CEO Jack Ma ပထမဆုံးရေးဆွဲသော Paradise အမည်ရှိ ဆီဆေးပန်းချီကားကို ဟောင်ကောင်ဒေါ်လာ ၅.၄ သန်းဖြင့် လေလံတင်ရောင်းချခဲ့ရကြောင်း သိရှိရသည်။ ၀ယ်ယူသူမှာ တရုတ်လူမျိုးလုပ်ငန်းရှင် Qian Feng-lei ဖြစ်ပြီး ကြမ်းခင်းဈေးထက် ၁၇ ဆပိုမိုပေး၍ ၀ယ်ယူခဲ့ပြီး အဆိုပါရောင်းရငွေကို Jack Ma Zen Fanzhi (နာမည်ကျော် တရုတ်ပန်းချီဆရာ) နှင့် တရုတ်လူမျိုး ပရဟိတသမားများ၊ လုပ်ငန်းရှင်များ ဖွဲ့စည်းထူထောင်ထားသည့် Paradise International Foundation သို့ လှူဒါန်းသွားမည်ဟု သိရသည်။