International Branded Show 2014

6

International Branded Show 2014 ဖွင့်ပွဲအခမ်းအနားကို၂၀၁၄ ခုနှစ်၊ ဧပြီ လ ၃ ရက်နေ့က ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီပွဲဟာ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ဧပြီလ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။

Main Sponsor တွေကတော့  KBZ Bank၊  HTC ၊ Rainbow Bridge၊ KIA Motor Car ၊ MAZDA ၊ Sliver Lion တို့ဖြစ်ပြီး ကား နဲ့ဆက်စပ်ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးလုပ်ငန်း၊ ဖုန်းနဲ့ဆက်စပ်ပစ္စည်း၊ အိမ်တွင်း အလှဆင်လုပ်ငန်း၊ အီလက်ထရောနစ်ပစ္စည်း၊ အ၀တ်အထည်နဲ့အလှကုန်၊ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်း၊ ကျန်းမာရေးနဲ့ ဆေးဝါးပစ္စည်း အစရှိတဲ့ ကုမဏီစုစုပေါင်း ၅၀ ကျော်ဖြစ်ပါတယ်။ ပွဲရက်တွေအတွင်း လာရောက်လေ့လာတဲ့သူတွေအတွက် ပျော်ပွဲ၊ ရွှင်ပွဲ အစီအစဉ်တွေအပြင် အထူးဈေးနှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပြီး အခုကျင်းပတာဟာဆိုရင် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မန္တလေးမှာလည်း ဆက်လက်ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

37 36 35 34 33 32 31 30 29 28 27 26 25 24 23 22 21 20 19 18 17 16 15 13 12 11 10 9 8 7

 

5 4 3 2 1