Huawei က မြန်မာနိုင်ငံအတွက် Barnd Ambassador ခန့်အပ်

002

Huawei ရဲ့ Brand Ambassador ခန့်အပ်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်က ရန်ကုန်မြို့ရှိ Traders Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Huawei ရဲ့ Brand Ambassador ခန့်အပ်ရတာနဲ့ ပတ်သက်လို့ Marketing Manager ဖြစ်တဲ့ မခင်ရတနာဝင်းက ရှင်းလင်းပြောပြခဲ့ပါတယ်။ အဲဒီနောက် Huawei ရဲ့ Brand Ambassador အဖြစ် ရုပ်ရှင်သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က Huawei နဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုး ခဲ့ပြီး မြန်မာနိုင်ငံအတွက် Brand Ambassador ဖြစ်လာတဲ့ ၀တ်မှုန်ရွှေရည်က `Huawei က စီစဉ်တဲ့ Event တွေ၊ ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်သွားဖို့ ရည်ရွယ်ထားပါတယ်။ အခုချိန်ကစပြီး ကျွန်မနဲ့ Huawei ကို ပူးတွဲပြီး မြင်ပေးပါလို့ ပြောချင်ပါတယ်´ လို့ ဆိုပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ၀တ်မှုန် ရွှေရည်ကို Huawei Brand Ambassador အဖြစ် နှစ်နှစ် ခန့်အပ်ခဲ့ပါတယ်။