Huawei ရဲ့New year New Dream ကံစမ်းမဲအစီအစဉ်

5  4 2  3

Huawei ကုမဏီကကျင်းပတဲ့ New Year New Dream အစီအစဉ်ရဲ့ Grand Final ပွဲကြီးကို ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ရှိ Traders Hotel မှာကျင်းပခဲ့ပါတယ်။

နှစ်သစ်မှာ အိပ်မက်သစ်တွေ ပိုင်ဆိုင်ကြသူတွေကို ဆုချီးမြှင့်ခြင်းနဲ့ညစာစားပွဲကျင်းပတဲ့ Grand Final ပွဲကြီးသို့ Huawei ကုမဏီရဲ့တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ၊ နာမည်ကြီး အနုပညာရှင်များနဲ့ စာနယ်ဇင်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီးတော့ နှုတ်ခွန်းဆက်စကားအနေနဲ့ Huawei ရဲ့ Marketing Manager မခင်ရတနာဝင်းက ပြောကြားခဲ့ပါတယ်။

Huawei ရဲ့ကံစမ်းမဲအစီအစဉ်ကို ဇန်န၀ါရီလ ၆ ရက်နေ့ မှ ၃၁ ရက်နေ့အထိကျင်းပခဲ့ပြီး ဆုမဲတွေအနေနဲ့ ငပလီကမ်းခြေအပန်းဖြေခရီးသွားခွင့် ၁၀ ဦး၊ Huawei Ascend P6 အလုံး ၂၀၊ Huawei Ascend Mate အလုံး ၂၀၊ Huawei G 610 ၂၂ လုံး၊ Huawei G 700 အလုံး ၂၀ နဲ့ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ညစာစားခွင့် ၁၀ ဦး စတဲ့ဆုမဲပေါင်း ၁၀၂ ဆုကို ကံစမ်းပေးခဲ့တယ်လို့သိရပါတယ်။ ကံစမ်းမဲအစီအစဉ်ကို ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့က စာနယ်ဇင်းများနဲ့ တရားဝင်မိတ်ဆက်ခဲ့ပေးခဲ့ပြီး Roadshow ပွဲတွေကို ကံစမ်းမဲကာလအတွင်း နာမည်ကြီး Shopping Centre သုံးနေရာမှာကျင်းပခဲ့တယ်လို့သိရပါတယ်။