HTC ရဲ့ အမြတ်ငွေ ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်း

HTC_office copy

အပြိုင်အဆိုင်များလှတဲ့ စမတ်ဖုန်း ဈေးကွက်မှာ တရုတ် (တိုင်ပေ)  ကုမ္ပဏီဖြစ်တဲ့ HTC ဟာ ၂၀၀၂ ခုနှစ်က တရုတ် (တိုင်ပေ) စတော့ အိတ်ချိန်းမှာ စာရင်းဖွင့်လှစ်ခဲ့ ချိန်က စလို့ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလပတ်အတွင်း အသားတင်ဆုံးရှုံးမှု တရုတ် (တိုင်ပေ) ဒေါ်လာ ၂.၉၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၀၁ သန်း) ရှိခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ဧပြီလကနေ ဇွန် လအထိ ကာလမှာတော့ အမြတ်ငွေ တရုတ် (တိုင်ပေ) ဒေါ်လာ ၁.၂၅ ဘီလီယံရှိခဲ့တာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးစမတ်ဖုန်းဈေးကွက်မှာဆိုရင် HTC က ၄.၆ ရာခိုင်နှုန်း၊ Samsung က ၃၀.၃ ရာခိုင်နှုန်းနဲ့ Apple က ၁၉.၁ ရာခိုင်နှုန်း ပိုင် ဆိုင်ထားပါတယ်။

Ref: CNA