Career Planning ကို ဘယ်လိုပြုလုပ်သင့်ပါသလဲ . . .

ဝန်ထမ်းတစ်ဦးဟာ မိမိပါရမီအရည်အသွေး၊ စိတ်ဝင်စားမှု၊ ပျော်ရွှင်မှုနဲ့ တက်လမ်းတို့ကိုအခြေခံပြီး ကိုယ်နဲ့အကိုက်ညီဆုံး အလုပ်အမျိုးအစား Career ကို ရွေးချယ်နိုင်ပါတယ်။ အဲဒီသွားလိုတဲ့ အလုပ်ရဲ့ ဘ၀ပန်းတိုင် Career Goal ကို ရောက်အောင်သွားဖို့ ကြိုတင်ပြင်ဆင်တဲ့ ကြိုးပမ်းအားထုတ်ချက်၊ လုပ်ဆောင်ချက်တွေကို Career Planning လို့ ဆိုလိုတာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ Career Planning လုပ်ဆောင်နိုင်ဖို့အတွက် ကုမ္ပဏီအတွင်း ရာထူးအဆင့်ဆင့် သတ်မှတ်ဖော်ပြထားရပါမယ်။ ရာထူးအဆင့်တစ်ခုချင်းအတွက် ရှိရမယ့်ပညာ၊ အရည်အချင်းနဲ့ ကျွမ်းကျင်မှု၊ လိုအပ်ချက်တို့ကိုလည်း သတ်မှတ်ပေးထားရမှာ ဖြစ်ပါတယ်။ ဘာသင်တန်းတွေပြီးမှ၊ အတွေ့အကြုံ ဘယ်လောက်ရှိမှ၊ ဘယ်အလုပ်တွေကို လုပ်နိုင်တဲ့သူဖြစ်မှ နောက်ရာထူးအဆင့်တစ်ဆင့်ကို ရောက်နိုင်မယ်ဆိုတာ ၀န်ထမ်းတွေ သိရှိနေရမှာဖြစ်ပါတယ်။

decqa1

Management နဲ့ HR Professional တွေအနေနဲ့ကတော့ ၀န်ထမ်းတစ်ဦးရဲ့ Career Planning လုပ်ဆောင်နိုင်ဖို့ သူရဲ့စိတ်ဝင်စားမှုနဲ့ အရည်အချင်းကို ဖော်ထုတ်ပေးခြင်း၊ အလုပ်တာဝန်နဲ့ပတ်သက်တဲ့ တတ်မြောက်မှု၊ ကျွမ်းကျင်မှုတို့ကို အကဲဖြတ်ပေးခြင်း၊ ကုမ္ပဏီတွင်း ဆက်လက်တက်လှမ်းနိုင်တဲ့ ရာထူးအဆင့်ဆင့်ကို လမ်းပြပေးခြင်း၊ သင့်လျော်တဲ့ အလုပ်တာဝန်တွေပေးခြင်းနဲ့ လိုအပ်တဲ့ Training နဲ့ Development အခွင့်အရေးတွေ ပံ့ပိုးပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။

ဒေါ်တင်မမစိုး (HR Consultant Cum MD, Billion Force Services Co Ltd)