မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ HONOR Flagship Store

honor1

ခေတ်မီဆန်းသစ်ပြီး လူငယ်ဆန်တဲ့ ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Honor က မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ Honor Flagship Store ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်က ဆိုင်တည်ရှိရာ အမှတ် ၁၃၉၊ လသာလမ်း (အလယ်ဘလောက်)၊ လသာမြို့နယ်၊ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ Huawei Group လက်အောက်မှာရှိတဲ့ Honor က ထုတ်လုပ်ခဲ့တဲ့ Smartphone တွေဟာ ခေတ်မီပြီး ထူးခြားတဲ့ Feature တွေ ပါဝင်ကာ လူငယ်များတတ်နိုင်တဲ့ ဈေးနှုန်းများနဲ့ ထုတ်လုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖွင့်ပွဲအခမ်းအနားမှာ Honor ရဲ့ ထိပ်တန်းကုန်ပစ္စည်း လေးခုဖြစ်တဲ့ Honor 7X (တန်ဖိုး ၃၂၉၀၀၀ ကျပ်) ၊ Honor V9 Play (တန်ဖိုး ၁၈၉၀၀၀ ကျပ်) ၊ Honor 6X (တန်ဖိုး ၂၁၉၀၀၀ ကျပ်) နဲ့ Honor Holly 6 (တန်ဖိုး ၁၂၉၀၀၀ ကျပ်) တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။

honor2

ဖွင့်ပွဲနေ့မှာ ကံစမ်းမဲအစီအစဉ်များနဲ့ ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ခဲ့ပါတယ်။