advertisement-image
Seminar

ကုန်သည်စက်မှုအသင်းချုပ်ရဲ့လစဉ်ဟောပြောပွဲအဖြစ် “၂၀၁၅ အလွန်” ခေါင်းစဉ်အဖြစ်ကျင်းပ

လစဉ်ကျင်းပနေကျဖြစ်တဲ့ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ဘာသာရပ်ဆိုင်ရာဟောပြောပွဲအဖြစ် ၂၀၁၅ အလွန် ခေါင်းစဉ်နဲ့ ဇူလိုင်လ ၅ ရက်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ အဆိုပါအသင်းချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ Moderator အဖြစ် The Voice Weekly သတင်းစာရဲ့ဒါရိုက်တာနှင့် ဒု-အယ်ဒီတာချုပ် ဦးဇေယျသူနဲ့အတူ မြန်မာနိုင်ငံဂဏန်းလုပ်ငန်းလုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌ ဦးနှင်းဦး၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးမောင်မောင်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး ဆိုင်ရာကိစ္စရပ်တွေကိုကူညီဆောင်ရွက်နေတဲ့ ဦးအောင်သူငြိမ်း တို့က Panelist အဖြစ်ပါဝင် ဆွေးနွေးခဲ့ကြ ပါတယ်။ ၂၀၁၅ ခုနှစ်အလွန်မှာ ဖြစ်ပေါ်ပြောင်းလဲလာမယ့် စီပွားရေး၊ နိုင်ငံရေးအခြေအနေစတာတွေကို Panelist တွေရဲ့အတွေ့အကြုံ၊ အတွေး အမြင်တွေနဲ့ ဖြည့်စွက်ပါဝင်ဆွေးနွေးပေးခဲ့ကြပါတယ်။ တက်ရောက်လာသူတွေရဲ့မေးမြန်းချက်တွေကို အသေးစိတ်ပြန်လည်ဖြေ ကြားပေးခဲ့ပါတယ်။
Posted On July 22, 2015, By Editorial

CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ ကြီးမှူးစီစဉ်တဲ့ 2015 Focus Panel Discussion

နိုဝင်ဘာလ ၂၉ ရက်၊ ရန်ကုန် – တူဒေးစာအုပ်တိုက်က ထုတ်ဝေလျက်ရှိတဲ့ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကနေ စီစဉ်ပြုလုပ်တဲ့ 2015 Focus Panel Discussion ကို ယနေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ Chatrium Hotel မှာ ပြုလုပ်လျက်ရှိပါတယ်။ မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးရဲ့ ရှေ့အလားအလာများအကြောင်းကို ဆွေးနွေးကြတဲ့ ဒီအစီအစဉ်မှာ TODAY Group of Companies ရဲ့ CEO ဒေါက်တာ သာထွန်းဦးက အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Moderator အဖြစ် ဆွေးနွေးဟောပြောခဲ့ပြီး ဒေါက်တာမောင်မောင်လေး (Vice President, UMFCCI) ၊ ဦးထွန်းထွန်းနိုင် (Chairman, Blue […]
Posted On November 29, 2014, By Editorial

Learning … Performance : TODAY Group Training

TODAY Group အောက်မှာရှိတဲ့ ကုမ္ပဏီများမှ mid-level manager များအတွက် စီစဉ်ပြုလုပ်ပေးတဲ့ Learning … Performance ဆိုတဲ့ Training ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ Micasa Hotel မှာ မနက် ကိုးနာရီမှ ညနေ ငါးနာရီအထိ ပြုလုပ်ခဲ့ပါတယ်။ မနက်ပိုင်း မှာတော့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ workshop ပုံစံနှင့် သင်ပြပေးခဲ့ပြီး group work များလည်း ပြုလုပ်ခိုင်းခဲ့ပါတယ်။ ညနေပိုင်းမှာတော့ Myanmar Metropolitan College မှ College Director & Principle ဒေါ်ခင်နှင်းစိုးမှ Standing tall in International Arena ဆိုတဲ့ ခေါင်းစဉ်နှင့် sharing ပြုလုပ်ပေးခဲ့ပါတယ်။        ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ […]
Posted On July 21, 2014, By Editorial

ရွေးထားတဲ့ Career မှာ Professional ဖြစ်ဖို့ ခေါင်းစဉ်နဲ့ Panel Discussion ကျင်းပ

TODAY Foundation မှ ကြီးမှူးပြီး T-Club Magazine က စီစဉ်တဲ့ ”ရွေးထားတဲ့ Career မှာ Professional ဖြစ်ဖို့” Panel Discussion  ကို ဇွန်လ ၈ ရက်နေ့က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ TODAY Foundation ရဲ့ Chairman ဒေါက်တာသာထွန်းဦးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါတယ်။ လုပ်ငန်းခွင်ဝင်ရောက်နေပြီဖြစ်တဲ့ လူငယ်များအတွက် ရည်ရွယ်ပြုလုပ်တဲ့ ဒီပွဲမှာ ကိုထွန်းထွန်းနိုင်၊ မသီတာ (စမ်းချောင်း) နှင့် မတင်မိုးလွင်တို့မှ ဦးဆောင်ဆွေးနွေးပေးခဲ့တာပါ။ အဲဒီနေ့က  စိတ်ပါဝင်စားသူ လူငယ်အများအပြား တက်ရောက်ခဲ့ပြီး speaker များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲကို EVE နဲ့ Camella Cosmetics တို့ကလည်း […]
Posted On June 9, 2014, By Editorial

Work Smart & Work Hard ဟောပြောပွဲအပေါ် တုံ့ပြန်မှုများ

CEO Magazine ကစီစဉ်ပြီး ဆရာကြီးဒေါက်တာအောင်ထွန်းသက်ဟောပြောတဲ့ “Work Smart & Work Hard” ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံ စက်မှုလက်မှုကုန်သည်များ အသင်းချုပ်အဆောက်အအုံ (UMFCCI) မှာပြုလုပ်ခဲ့ပါတယ်။ လုပ်ငန်းခွင်ဝင်နေကြတဲ့ဝန်ထမ်းတွေအနေနဲ့ အလုပ်တစ်ခုတည်းမှာပဲ Work Hard  လုပ်နေစရာမလိုဘဲ တစ်ဖက်ကလည်း Smart  ကျကျစိတ်ကူးဉာဏ်ရှိဖို့ အစီအစဉ်ကောင်းတွေရှိဖို့လိုတဲ့အကြောင်း  အဓိကအားဖြင့် Work Hard & Work Smart ကိုBalance  ဖြစ်အောင်လုပ်သွားဖို့လိုတဲ့အကြောင်း ဆရာကြီးက ဟောပြောခဲ့ပါတယ်။ ဒါကြောင့် တက်ရောက်လာသူတွေရဲ့ ဒီနေ့ဟောပြောပွဲအပေါ် အမြင်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေး လိုက်ပါတယ်။     ဦးရဲသန့် HR Manager HR Department […]
Posted On March 31, 2014, By Editorial

CEO မဂ္ဂဇင်းကနေ စီစဉ်တဲ့ Professional & Professionalism Seminar

CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းကနေ စီစဉ်တဲ့ Professional & Professionalism အမည်ရှိ Executive Seminar ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၉ ရက်က Chatrium Hotel မှာ ကျင်းပခဲ့ပါတယ်။ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ဆွေးနွေးဟောပြောခဲ့ပြီး ကုမ္ပဏီလုပ်ငန်းအသီးသီးရဲ့ စီမံခန့်ခွဲအုပ်ချုပ်သူ မန်နေဂျာတွေနဲ့ စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဟောပြောမှုအပြီးမှာ တက်ရောက်သူတွေရဲ့ မေးမြန်းမှုတွေကို ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ပြန်လည်ဖြေ ကြားပေးခဲ့ပါတယ်။ Professional & Professionalism Seminar ကို Junction Center ၊ SMART Group of ompanies နဲ့ United Paints Group Co Ltd (UPG) တို့က Sponsor […]
Posted On October 28, 2013, By Editorial