Hollywood က ဂလိုဘယ်ပြိုင်ဆိုင်မှုကို အပြင်းအထန် ရင်ဆိုင်နေရ

LA မြို့ရှိ ကမ္ဘာကျော် Hollywood ဆိုင်းဘုတ်

LA မြို့ရှိ ကမ္ဘာကျော် Hollywood ဆိုင်းဘုတ်

အမေရိကန် သမ္မတ Barack Obama ဟာ Hollywood ကို ရှားရှားပါးပါး လာရောက်လည်ပတ်စဉ် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလုပ်ငန်းတွေကနေ အလုပ်အကိုင်တွေ ဖန်တီးပေးနေတာကို သူက ချီးကျူးပြောကြားသွားပါတယ်။ ဒါပေမဲ့ အမေရိကန်ဖျော်ဖြေရေး လုပ်ငန်းဟာ ပြည်ပမှာတော့ ကြမ်းတမ်းတဲ့ပြိုင်ဆိုင်မှု၊ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လုပ်ငန်းတွေဆီကနေ ရင်ဆိုင်နေရပါတယ်။ သမ္မတ Obama က ရုပ်ရှင်လုပ်ငန်းဟာ လုပ်သားတွေရဲ့ ထိုးထွင်းတီထွင်မှုကြောင့် ခိုင်မာနေတာဖြစ်ပြီး ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ဆိုရင် ပညာရေးဘက်မှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်မယ်လို့ ပြောကြားသွားပါတယ်။

Ref: CNA