High School Queen Oramin- F 2014
Oramin-F ကနေကြီးမှူးကျင်ပတဲ့High School Queen Oramin-F 2014 အလှမယ် ရွေးချယ်ပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၁၅ ရက်က ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်မှာ ပြုလုပ်ခဲ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ အသက် ၁၄ နှစ်ကနေ အသက် ၁၇ နှစ်ရှိတဲ့ ပြိုင်ပွဲဝင်အမျိုးသမီး ၄၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အကဲဖြတ်ဒိုင်များ အဖြစ် ရုပ်ရှင်သရုပ်ဆောင်နိုင်းနိုင်း၊ အကယ်ဒမီ သက်မွန်မြင့်၊ ဓာတ်ပုံပညာရှင် ဦးမိုးမင်း (Rays) ၊ AA Medical Products Ltd ရဲ့General Manager ဖြစ်သူ ဦးထူး အောင်ကျော်၊ ကိုရီးယားနိုင်ငံ Oramin- F ရဲ့တာဝန်ရှိသူတစ်ဦးတို့က အကဲဖြတ် ပေးခဲ့ကြပါတယ်။ High School Queen Oramin F 2014 ရဲ့Queen Award ဆု (ကျပ်သိန်းသုံးဆယ်)ကို သက်လုံးပုံ၊First Runner Up ဆု(ကျပ်သိန်းနှစ်ဆယ်)ကို လမုံဂျာဆိုင်စော၊Second Runner Up ဆု(ကျပ်ဆယ်သိန်း)ကို ပိုးပိုးရွှေရည်နဲ့ Best Costume Design ဆု(ကျပ်ခုနစ်သိန်း)ကို သံသာမိုးသိမ့်နဲ့ Best Complexion ဆု(ကျပ်ခုနစ်သိန်း)ကို မှူးသခင်ကို တို့ က အသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။