Higer ရဲ့ ထုတ်ကုန် မိတ်ဆက်ပွဲနှင့် 5th ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပ

Higer1

မြန်မာနိုင်ငံကို တင်သွင်းခဲ့တဲ့ Higer အမှတ်တံဆိပ်မော်တော်ယာဉ်ရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲနဲ့ ငါးကြိမ်မြောက်နှစ်ပတ်လည် အခမ်းအနားကိုရန် ကုန်မြို့ ပြည်လမ်း မှာရှိတဲ့ Novotel Hotel မှာ 2015 ခုနှစ် ဇွန်လ 20 ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး Greater Man International Trading Co.,Ltd ရဲ့ CEO ဖြစ်တဲ့ ဦးဝင်းမျိုးချစ်က “မြန်မာနိုင်ငံမှာ Higer ကို Brand New အနေနဲ့ ကျွန်တော်တို့ပဲ စတင်မိတ်ဆက်ခဲ့တာပါ။

အခုလက်ရှိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းက အပြောင်းအလဲတွေများလာသလို ဈေးကွက်စီးပွားရေးသဘောအရ ပြိုင်ဆိုင်မှုများလာတယ်။

ခရီးသွားမိဘပြည်သူတွေ လုပ်ငန်းရှင်တွေလည်း လုံခြုံစိတ်ချစေဖို့၊ လုပ်ငန်းရှင်တွေလည်း စီးပွားရေးတွက်ခြေကိုက်ဖို့ရည်ရွယ်ပြီးတော့ Higer ရဲ့ European Product ကို မိတ်ဆက်တဲ့အခမ်းအ နားလဲ ဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေကလည်း လက်ခံတဲ့အတွက်ကြောင့် ခရီးသွားသယ်ယူပို့ဆောင်ရေးကို တစ်ဆင့်မြှင့်ပြီး Luxury Grade ကိုလည်း မြှင့်တင်ခဲ့ပါ တယ်။ ဝင်ရိုးသုံးချောင်းပါတဲ့ ၈ဘီးကားကခရီးသွားမိဘပြည်သူတွေကိုပိုပြီးလုံခြုံစိတ်ချစေမှာပါ။

မော်တော်ယာဉ်ကြံ့ခိုင်ရေး/ပြုပြင်ရေးနဲ့ စစ်မှန်တဲ့အပိုပစ္စည်းတွေကို လည်း ဝန်ဆောင်မှုပေးပါတယ်” လို့ပြောခဲ့ပါတယ်။

Higer2

Higer3