Hearst Magazines ရဲ့ Vice-president Mr Patrick L Brennan

DSCN6846 copy

Mr Patrick L Brennan ဟာ အိုင်ယာလန်မှာ မွေးပြီး ယူကေမှာကြီးပြင်းခဲ့ပါတယ်။ လန်ဒန်ရှိ Financial Times သတင်းစာမှာ ၀င်ရောက်လုပ်ကိုင်ပြီး အဲဒီသတင်းစာရဲ့ အယ်ဒီတာဌာနမှာ ခေတ္တမျ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် နယူးယောက်မှာရှိတဲ့ အယ်ဒီတာဌာနကို ပြောင်းရွှေ့ပြီး တစ်နှစ် ကြာတော့ Financial Times ရဲ့ ကူးသန်းရောင်းဝယ်ရေးဘက်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် သတင်းစာစောင်ဘက်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် သတင်းစာစောင် ရေအပိုင်း။ ရောင်းချဖြန့် ဖြူးရေးအပိုင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာFinancial Times  ကို ပထမဦးဆုံးစတင်ထုတ်ဝေရာ ဌာနဖွင့် လှစ်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရတယ်။ ၁၉၉၆ ခုနှစ်မှာ တိုကျိုပြောင်းရွှေ့ပြီး ဂျပန်နိုင်ငံဆိုင်ရာနဲ့ ကိုရီးယားနိုင်ငံဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပါတယ်။ အဲဒီနောက် ပိုမိုကျယ်ပြန့်တဲ့ အာရှတိုက်တစ်ခွင်လုံး ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ် ရပါတယ်။ ၂၀၀၁ မှာ နယူးယောက်ကို ပြန်သွားပြီး Financial Times  ရဲ့ အွန်လိုင်းလုပ်ငန်း  FT.com   ကို ဦးဆောင်ရတယ်။ အဲဒီနောက် င်္Financial Times  ကနေ (နောက်ပိုင်း Nielsen လို့ နာမည်ပြောင်းလိုက်တဲ့) VNU  ကိုပြောင်းရွှေ့ပြီး မဂ္ဂဇင်း တွေကိုထုတ်ဝေသူအဖြစ် လုပ်ကိုင်ခဲ့ ပါတယ်။ အဲဒီနောက် CMP မှာ ခဏ၀င်လုပ်တဲ့အခါ အာရှတိုက်ကို အဓိကအာရုံစိုက် ဆောင်ရွက်ရတဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေရင်းကနေ (Nielsan) က ပြန်ခေါ်လို့ အဲဒီမှာသွားလုပ်ရပြန်တယ်။ အဲဒီမှာBuilding and Design Media Group  အတွက် Group Publisher  ရာထူးမှာ တာဝန်ယူလုပ်ကိုင်ရပါတယ်။ ၂၀၀၉ ခုနှစ်မှာHearst  ကို ပြောင်းရွှေ့ပြီး Business Development for Asia Pacific Latin America ဆိုတဲ့လုပ်ငန်းမှာVice-President အ အဖြစ် လုပ်ကိုင်ပါ တယ်။ Mr Brennan  နဲ့ဇနီး Mary တို့ အိမ်ထောင်သက် ၂၃ နှစ်ရှိပြီး သား တစ်ယောက်၊ သမီး တစ်ယောက် ရှိပါတယ်။ Brian က ၂၁ နှစ်၊ Elizebethက ၁၇ နှစ်ပါ။   Mr Brenann  ဟာံ Harvard Business School  က ဘွဲ့ရခဲ့ပါတယ်။

Hearst  က ပုံနှိပ်ထုတ်ဝေသမျ

ကမ္ဘာအနှံ့နိုင်ငံပေါင်း ၈၀ ကျော်မှာ စာနယ်ဇင်း အမျိုးအမည်ပေါင်း သုံးရာကျော် ပုံနှိပ်ထုတ်ဝေနေပါ တယ်။ ထင်ရှားတဲ့မဂ္ဂဇင်းတွေကတော့  Cosmopolitan, Elle, Marie Clarie, Country Living, Woman’s Day, Nat Mags, Redbook, Seventeen, Harper’s Bazaar, Esquire, Good Housekeeping, Car and Driver, Town & Countrye နဲ့”O” Magazine   တွေပါဝင်ပါတယ်။ San Francisco Chronicle, Greenwich Time, Connecticut Post  စတဲ့ နေ့စဉ်သတင်းစာ ၁၆ မျိုးအပြင် Darien News, Fairfield Citizen, New Cannan News စတဲ့အပတ်စဉ်ထုတ်သတင်းစာတွေ၊A+E Network, ESPN Inc, Hearst Television Inc  စတဲ့ ရုပ်သံလိုင်းတွေကိုပါ လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် Marie Clarie မဂ္ဂဇင်းကို အမေရိကန်နိုင်ငံမှာ တရားဝင်လိုင်စင်ရယူထုတ်ဝေနေပါတယ်။ ၂၀၁၁ ခုနှစ်မှာ Hachette ပိုင်လုပ်ငန်းတွေအားလုံး နဲ့ Lagadere နဲ့ဖက်စပ်ပိုင်ဆိုင်တဲ့လုပ်ငန်းတွေကို ၀ယ်ယူခဲ့ ပါတယ်။ တရုတ်၊ ဂျပန်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်အပါ အ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံမှာElle နဲ့ တခြားမဂ္ဂဇင်းတွေ ကိုထုတ်ဝေနေပါတယ်။ ကိုရီးယားနိုင်ငံမှာElle ကို လိုင်စင် ခွင့်ပြုချက်နဲ့ထုတ်ဝေနေပြီး သြစတြေးလျမှာလည်းလာမယ့် အောက်တိုဘာလကစပြီး ထုတ်ဝေသွားမှာဖြစ်ပါ တယ်။

 

ဈေးကွက်သစ်ကို စ၀င်တဲ့အခါ ဘာ့ကြောင့် Cosmopolitan နဲ့ စ၀င်ရပါသလဲ

Cosmopolitan ဟာ Hearst  ထုတ်ဝေနေတဲ့ စာနယ်ဇင်းတွေထဲမှာ လူအသိအများဆုံးဖြစ်တယ်လို့ ဆိုနိုင် ပါတယ်။ နိုင်ငံ ၆၄ နိုင်ငံမှာ ထုတ်ဝေနေပါတယ်။ ဒီမဂ္ဂဇင်း ထဲမှာ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ ဘ၀နေထိုင်မှုပုံစံတွေ၊ လူအချင်းချင်းဆက်ဆံရေးနဲ့ ပတ်သက်တဲ့အကြံပေးချက်တွေ၊ အလှအပ၊ ဖက်ရှင်၊ ကျန်းမာရေး၊ အလုပ်အကိုင် စတဲ့ အကြောင်းအရာတွေ ပါဝင်တဲ့မဂ္ဂဇင်းဖြစ်တယ်။ ကမ္ဘာအနှံ့ စာဖတ်ပရိသတ် ကလည်း ဒါတွေကို သိချင်နေကြတာဖြစ် တယ်။

 

ပုံနှိပ်နဲ့ ဒစ်ဂျစ်တယ်အပါအ၀င် မြန်မာနိုင်ငံရဲ့ မီဒီယာ လုပ်ငန်းရဲ့ ရှေ့အလားအလာကို ဘယ်လို ထင်မြင်ပါ သလဲ။

မြန်မာမီဒီယာလုပ်ငန်းဟာ ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက်ရော ကမ္ဘာအရပ်ရပ်က လုပ်ငန်းရှင် များအတွက်ပါ အခွင့်အလမ်းကောင်းကြီးတစ်ရပ်လို့ ကျွန်တော် မြင်ပါတယ်။ နေ့စဉ်သတင်းစာ တွေကို ပုဂ္ဂလိကပိုင်း ထုတ်ဝေခွင့်ပြုလိုက်တဲ့ များမကြာခင်က ဥပဒေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်က နာမည်ကြီးမဂ္ဂဇင်းတွေမှာ ပါတဲ့အကြောင်းအရာတွေ၊ ဖျော်ဖြေရေးသတင်းအချက်အလက်တွေကို စာတတ်နှုန်း လည်း မြင့်တဲ့အပြင် စာဖတ်တဲ့ အလေ့အကျင့်လည်း ခိုင်ခိုင်မာမာရှိနေတဲ့မြန်မာတွေ သိခွင့်ရ နေတယ်ဆိုတဲ့ အချက်လည်း အခွင့်ကောင်းတစ်ရပ်ပါပဲ။ ဒါကတော့ ပုံနှိပ်မီဒီယာနဲ့ပတ်သက်တဲ့ ကျွန်တော့်အမြင်ပါ။ ဒစ်ဂျစ်တယ်လုပ်ငန်းနဲ့ပတ်သက်လို့ကတော့ 4G နဲ့ တခြား မြန်နှုန်းမြင့်ကွန်ရက်ဆက်သွယ်ရေးတွေဟာလည်း လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်း မြန်မြန်ဆန်ဆန်ကြီး တိုးတက်လာ နိုင်မယ်လို့ မြင်ပါတယ်။

 

မြန်မာနိုင်ငံထုတ် စာအုပ်စာတမ်းတွေဟာ ဒေသတွင်း တခြားနိုင်ငံများနဲ့နှိုင်းယှဉ်ရင် ဘယ်လိုအနေအထားမှာ ရှိတယ်လို့ ယူဆပါသလဲ။

မြန်မာမဂ္ဂဇင်း၊ သတင်းစာနဲ့ဂျာနယ် အများကြီး ကျွန်တော်ဖတ်ပြီးပါပြီ။ ပုံနှိပ်အရည်အသွေးရော၊ အကြောင်း အရာပိုင်းတွေပါ အင်မတန်ကောင်းတယ်။ ဒီဇိုင်းပိုင်းအမြင်နဲ့ ပြောရရင်တော့ သူများတွေထက် နည်းနည်းနောက်ရောက် နေသေးတယ်။ ဒါပေမဲ့ Hearst မဂ္ဂဇင်းလို ကမ္ဘာ့မဂ္ဂဇင်း တွေရဲ့ ဒီဇိုင်းနည်းပညာတွေကို အတုယူရင် အကျိုးရှိနိုင်ပါတယ်။ ဒါဆိုရင် မြန်မာဒီဇိုင်းဟာ ကမ္ဘာ့အဆင့်အတန်း အမြန်မီလာမှာဖြစ်တယ်။

O Magazine   ကို Hearst က ပုံနှိပ်ထုတ်ဝေတယ်လို့ သိရပါတယ်။ ပါဝင်တဲ့အကြောင်းအရာများနဲ့ ပတ်သက် ပြီး Hearst  နဲ့ Oprah Winfrey  တို့ ဘယ်လိုပူးပေါင်း လုပ်ကိုင်ကြပါသလဲ။

O Magazine ဟာ Hearst နဲ့ Oprah Winfrey  ရဲ့Harpo ဆိုတဲ့ ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင် နေတဲ့မဂ္ဂဇင်း ဖြစ်ပါတယ်။ Oprah့ ကိုယ်တိုင် ဒီမဂ္ဂဇင်းမှာ ပါဝင်ရမယ့် အကြောင်းအရာများနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့နေရာ မှာ အဓိကဆောင်ရွက်ပါတယ်။ နယူးယောက်ရှိံHearst မှာ လုပ်ကိုင်ဆောင် ရွက်နေကြတဲ့ O Magazine  အဖွဲ့သား များနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်။

 

မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို တွေ့တွေ့ချင်း ဘယ်လိုထင်မြင်ခံစားမိခဲ့ပါသလဲ။

မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေ သိပ်ပြည့်နေ ပါလားဆိုတာ သတိထားမိပါတယ်။ ဖွံ့ဖြိုးစပြုနေပါ လားလို့ လည်းခံစားမိတယ်။ မြန်မာတွေဟာ ဖော်ရွေကြတယ်။ ပညာ တွေလည်း အတော်တတ်ကြတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ် လောက်ကစပြီး တိုင်းပြည်ပွင့်ပွင့်လင်းလင်း ဖြစ်လာတာနဲ့ အတူ ပြင်ပကမ္ဘာ့ အကြောင်းအတတ်နိုင်ဆုံး သိချင်တတ်ချင် နေကြသူတွေဖြစ်တယ်။ ကဏ္ဍတိုင်းမှာ အပြောင်းအလဲတွေ အတော်မြန်မြန်ဆန်ဆန်ဖြစ်နေတာကို စိတ်ထဲမှာ စွဲစွဲမြဲမြဲကြီး ခံစားမိပါတယ်။ Hearst မှာ အယ်ဒီတာ ဘယ်နှယောက်လောက် ရှိပါ သလဲ။ တစ်ဦးနဲ့တစ်ဦး ဘယ်လိုရိုင်းပင်းကူညီလုပ်ကိုင် ကြသလဲ။

Hearst  ထုတ်ဝေနေတဲ့ ကမ္ဘာအရပ်ရပ်နေရာတိုင်း မှာ ဒေသခံအယ်ဒီတာချုပ်တွေ၊ အယ်ဒီတာအဖွဲ့ တွေရှိတယ်။ သူတို့ကို နယူးယောက်အခြေစိုက် အယ်ဒီတာအဖွဲ့က လိုအပ်သလို ကူညီပံ့ပိုးပေးတယ်။ ကဏ္ဍတစ်ခုချင်းစီအတွက်IEE လို့ခေါ်တဲ့ International Editions Editor    တွေက တာဝန် ယူကြပါတယ်။  IEE တွေဟာ ကိုယ့်မဂ္ဂဇင်းရဲ့Brand ပုံရိပ်ကိုထိန်းထားနိုင်တဲ့ ကျွမ်းကျင်သူတွေဖြစ်သလို ဒေသ အလိုက် အယ်ဒီတာတွေထံကိုလည်းUS က  contents    တွေအားလုံးရရှိအောင်၊ ဒေသတွင်းထုတ်သမျစာအုပ်တွေကို Hearst  က ထုတ်နေတဲ့ Brand  တွေရဲ့  DNA  အတိုင်း လိုက်မီအောင် ဆောင်ရွက်ပေးကြတယ်။ ဒေသခံ အယ်ဒီတာ များကလည်း မိမိတို့ဆိုင်ရာလုပ်ငန်းမှာ ကျွမ်းကျင်ကြပြီး မာတိကာ၊ မျက်နှာဖုံး၊ ဒီဇိုင်း စာမျက်နှာအပြင်အဆင်ကအစ Hearst ရဲ့မူဝါဒအာဘော်များအတိုင်း လိုက်နာဆောင်ရွက် ကြတယ်။  Hearst ၀န်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ် ခွင့်ပြုထားပါသလား။

ရပါတယ်။ ခွင့်ပြုထားပါတယ်။

 

အလုပ်အချိန်နဲ့ ကိုယ်ပိုင်အချိန်ကို ဘယ်လိုညှိယူပါ သလဲ။

ကျွန်တော့်ကိုယ်ကျွန်တော်က အလုပ်နဲ့မိသားစုကို ကောင်းကောင်းညှိနိုင်တဲ့သူလို့ထင်ပေမဲ့ ကျွန်တော်အလုပ် အတွက်ခရီးသွားရတဲ့ အချိန်ဇယားကိုကြည့်ပြီးတဲ့သူတွေက တော့ ဟုတ်ပါ့မလားလို့ သံသယ၀င်တတ်ကြတော့ ဒီမေးခွန်း က ကျွန်တော့်ကိုမေးဖို့မသင့်ဘူးလို့ ထင်တာပဲ။ အိမ်မှာရှိတဲ့ အချိန်ဆိုရင်တော့ မိသားစုအရေးကိစ္စတွေကိုပဲ အာရုံစိုက် ဆောင်ရွက်ပါတယ်။ အချိန်ချင်းမတူတဲ့ ကမ္ဘာ့ဒေသအနှံ့ အပြားကို သွားနေရတဲ့သူဆိုတော့ အာရှတိုက်နဲ့ဆိုရင် ညဦး စောစောပိုင်း၊ ဒါမှမဟုတ် မနက်အစောကြီးမှာ မိသားစုကို ဖုန်းနဲ့ဆက်သွယ်လေ့ရှိပါတယ်။

 

ခရီးတွေ အများကြီးထွက်နေရသူဆိုတော့ သားသမီးတွေ နဲ့ ဆက်ဆံရေးဘယ်လိုတည်ဆောက်ယူပါသလဲ။

ဒီမေးခွန်းကလည်း ဖြေရခက်တာပါပဲ။ ကျွန်တော့် အတွေးအမြင်နဲ့ သားသမီးတွေရဲ့အတွေးအမြင် မတူနိုင်လို့ ပါပဲ။ အိမ်မှာဆိုရင်တော့ အတတ်နိုင်ဆုံးသားသမီးတွေနဲ့ အချိန်ကုန်လေ့ရှိတယ်။ အသေအချာပြောနိုင်တာကတော့ ဒီခေတ်ကြီးမှာ နည်းပညာတွေတိုးတက်နေတော့ အချင်းချင်း ဆက်သွယ်ရတာ အများကြီးလွယ်နေပါပြီ။ ဒါကြောင့် Skype နဲ့  Facetime တို့ကတစ်ဆင့် ခရီးသွားနေတဲ့အချိန် မှာ ကျွန်တော့်ဇနီးနဲ့သားသမီးတွေနဲ့ စကားပြောလို့ရနေပါ တယ်။ နေ့တိုင်း အဲဒီလိုပြောနိုင်အောင်လည်း ကျွန်တော် ကြိုးစားတယ်။ အဲဒါတွေသုံးလို့မရဘူးဆိုရင် ဖုန်း၊ အီးမေးလ်၊ Text Message  တွေသုံးပြီး ဆက်သွယ်ပါတယ်။ လေယာဉ် နဲ့ ခရီးဝေးသွားရောက်တဲ့အခါ ဒေသစံတော်ချိန်ကွာခြားမှု ကြောင့် အချိန်နဲ့ပတ်သက်ပြီး အူလည်လည်ဖြစ်ရတဲ့အဖြစ် မျိုဲးနအ-ူေါ ဟာ မကောင်းတာမှန်ပေမဲ့ ကျွန်တော့်အဖို့ ကတော့ အကျိုးရှိတယ်။ ဘာကြောင့်လဲဆိုတော့ အာရှတိုက် သန်းခေါင်ယံမှာ ကျွန်တော်အိပ်မရဘူးဆိုရင် အိမ်မှာထားခဲ့ ရတဲ့ မိသားစုနဲ့ဖြစ်ဖြစ်၊ ရုံးနဲ့ဖြစ်ဖြစ် စကားစမြည်ပြောလို့ ရနေတယ်။

 

အလုပ်နဲ့ပတ်သက်ပြီး မိသားစုဆီက ဘယ်လိုပံ့ပိုးကူညီ မှုတွေ ရတတ်ပါသလဲ။

ကူညီတတ်တဲ့မိသားစုရထားတာ ကျွန်တော်အင်မ တန်ကံကောင်းပါတယ်။ ကျွန်တော်က ခရီး ခဏခဏထွက် နေရတဲ့သူဆိုတော့ တခြားအမျိုးသမီးဆိုရင် တော်တော် ခက်မှာပါ။ ကျွန်တော့်အမျိုးသမီးကတော့ တကယ့်ဘ၀ အဖော်ကောင်းပါ။ ကျွန်တော်ခရီးထွက်နေချိန်မှာ ကလေး တွေအတွက် အဖေဆိုရင်လည်း သူပဲ၊ အမေဆိုရင်လည်း သူပါပဲခင်ဗျာ။ ကျွန်တော်နဲ့ အချိန်အကြာကြီးခွဲနေရလည်း သူတို့ ရေလိုက်ငါးလိုက်နေတတ်ကြတယ်။ ကျွန်တော် နယူးယောက်ကနေ တိုကျိုကို တာဝန်နဲ့ပြောင်းရတော့ ကျွန် တော့်မိသားစုက အထုပ်အပိုးတွေပြင်ပြီး အဲဒီကိုရွှေ့လာကြ တယ်။ Second Screen အသုံးချတယ်လို့ခေါ်ကြတဲ့Digital Version eJY ebook  ဖတ်တာတွေ၊ ပုံနှိပ်မီဒီယာစာအုပ် တွေ၊ မဂ္ဂဇင်းတွေကို ၀ယ်ယူဖတ်ရှုတာတွေမှာ ကိုယ်တိုင် ဘယ်လိုအခြေအနေ ရှိပါသလဲ။

အခု ကျွန်တော်ဟာ ဒစ်ဂျစ်တယ်ကို ပြောင်းပြီး ဖတ်နေပါတယ်။ ယုံပါ့မလားတော့မသိဘူး။ ဒစ်ဂျစ်တယ် မဂ္ဂဇင်းအမျိုးပေါင်း ၇၀ လောက်ဝယ်ပြီး ဖတ်နေတယ်။ အမေရိကန်ထုတ်ဝေသူတွေဖြစ်တဲ့Hearst, Time Inc., News Corp., Conde Nast  နဲ့Meredith  တို့ပူးပေါင်းထားတဲ့ Zinio, Magzter    နဲ့  Next issue Media    စတဲ့  service  တွေကနေsubscribeနလုပ်ထားပါတယ်။ ဒီလိုဒစ်ဂျစ်တယ် မဂ္ဂဇင်းအများကြီးကို ဖတ်ရှုခွင့်ရနေတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ကိုင်လိုသူတွေကို မဂ္ဂဇင်းစာအုပ်တွေ တန်ချိန် တနင့်တပိုးကြီးထမ်းပြီး ပြနေစရာမလိုတော့ဘူး။ ပါဝင်တဲ့ အကြောင်းအရာ၊ စာအုပ်အပြင်အဆင်စတဲ့ အချက်အလက် တွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ဘယ်လိုလုပ်ကိုင် ဆောင်ရွက်နေကြသလဲဆိုတာ အလွယ်တကူပြနိုင်သွားပါ တယ်။ ကျွန်တော်တော့ ဒစ်ဂျစ်တယ်ကို တကယ့်ကိုကြိုက် နေပါပြီ။

 

ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတစ်ခု ရေရှည်တည်တံ့အောင် မြင်ဖို့အတွက် ဘာတွေအရေးကြီးပါသလဲ။

ကိုယ်ဘာလုပ်ရမလဲဆိုတာ ပီပီပြင်ပြင်နားလည် ဖို့ အဓိကအရေးကြီးပါတယ်။ ကိုယ်ထုတ်ဝေနေတဲ့စာစောင် ရဲ့အားသာချက်၊ အားနည်းချက်တွေ၊ တန်ဖိုးထားတာတွေ ကိုနားလည်တာ၊ စာဖတ်ပရိသတ်နဲ့ ကြော်ငြာထည့်သွင်း သူများရဲ့လိုအပ်ချက်တွေကို နားလည်တာ၊ လူမှုရေးမီဒီယာ တွေကို အသုံးချတတ်တာတွေ၊ လိုအပ်ရင် အွန်လိုင်းမှာ စွန့်ပြီး အခမဲ့တင်ပေးတာမျိုးတွေ စတာတွေဟာ အရေးကြီး ပါတယ်။

 

လောလောဆယ်ဖတ်နေတဲ့စာအုပ်

ဒစ်ဂျစ်တယ်ကိုပဲ ပြောင်းပြီးဖတ်တဲ့အချိန်ကစပြိး လောလောဆယ်မှာ စာအုပ်မျိုးစုံအတော်များများ ဖတ်ဖြစ် ပါတယ်။ ၀တ္ထုစတဲ့ စိတ်ကူးနဲ့ဖန်တီးရေးသားထားတာတွေ ထက် သုတေသနစာပေတွေကို ပိုပြီး ဖတ်လာပါတယ်။ Outliers ဆိုတဲ့Malcolm Gladwell ရေးတဲ့စာအုပ်နဲ့  Henry Kissinger  ရေးတဲ့ On China အုပ်တွေ ဖတ် နေတယ်။ Spandau Ballet  က ပထမဆုံးထုတ်တဲ့ I Know This Much  ဆိုတဲ့Gary Camp ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိကိုလည်း ဖတ်နေတယ်။

 

အကြိုက်ဆုံးစာအုပ်တွေ

အခုဖတ်နေတာတွကလည်း ကျွန်တော့်အကြိုက် တွေပါပဲ။ နောက်ပြီး Jane Austen   ရဲ့ Pride & Prejudice, Charles Dickens    ရဲ့  A Tale of Two Cities, Sun Tzu    ရဲ့ The Art of War, Victor Hugo  ရဲ့JULes Miserables,  Mcahiavelli  ရဲ့The Prince, John Reed  ရဲ့U10-Days that Shook The World    နဲ့Michael Porter ရဲ့Competitive Strategyတို့ကိုလည်း ကြိုက်တယ်။

 

ဝါသနာ

အလုပ်လုပ်ချိန်၊ မိသားစုနဲ့အပြင်ထွက်လည်ချိန် မဟုတ်ဘူးဆိုရင် ဘောလုံးကန်တာ၊ ဘောလုံးပွဲကြည့်တာနဲ့ Rugby ကစားတာ၊ Rugby  ပွဲကြည့်တာ ၀ါသနာပါ ပါတယ်။

 

ရောက်ဖူးတဲ့နိုင်ငံတွေ

တာဝန်ထမ်းဆောင်စဉ်အတွင်း နိုင်ငံအတော်များ များကိုရောက်ဖူးပေမဲ့ ခုချိန်ထိတော့ အသေအချာလေ့လာ ဖို့ အချိန်မရှိပါဘူး။ အလုပ်က အနားယူမှပဲ ဇနီးနဲ့အတူ အဲဒီလိုမျိုး လေ့လာဖို့ အစီအစဉ် ရှိတယ်။ ကျွန်တော့်ဇနီးနဲ့ အတူ ကမ္ဘာလှည့်ခရီးသည်အဖြစ် မြန်မာနိုင်ငံကို အသေ အချာပြန်လာဦးမှာပါဗျာ။