အကျိုးပြုကောင်းမွန်တဲ့ ကိုလက်စထရောမျိုးကို မြင့်တက်အောင် လုပ်ကြမယ်

Ren-Fig7

၂၁ ရာစုခေတ်ကြီးမှာ ကျန်းမာရေးအတွက် ပြောကြတဲ့အခါ မှာ သိပ်သည်းဆများတဲ့ လိုင်ပိုပရိုတိန်း(High Density Lipoprotein- HDL)  လို့ ခေါ်တဲ့ အဆီဓာတ်ဟာ ရေပန်း စားလာပါတယ်။ သုတေသနတွေမှာ သွေးတွင်းအဆီ ဓာတ်တွေဟာ အာရုံစိုက်တာ ပိုခံလာရပါတယ်။ အဲဒီအဆီ ဓာတ်တွေကို အကျိုးပြုကိုလက်စထရောလို့ ခေါ်ပါတယ်။

လူတွေကို ကောင်းကျိုးပြုတဲ့ ကိုလက်စထရောဆို တာ စားနေကျအစားအစာတွေကရတဲ့ ကိုလက်စထရောတွေ ကိုပြောတာ မဟုတ်ပါဘူး။ သွေးထဲမှာ လည်ပတ်နေတဲ့ HDL ကိုလက်စထရောကိုပြောတာပါ။ ဆရာဝန်တွေစစ်ဆေး တဲ့ သွေးတွင်းအဆီဓာတ်စမ်းသပ်မှုတွေမှာပါတဲ့ အဆီဓာတ် တစ်မျိုးပါ။ HDL ကိုလက်စထရောဟာ သွေးထဲမှာ ပမာဏ များများရှိနေမယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

National Cholesterol Education Program (NCEP)  မှ ကျွမ်းကျင်သူတွေကLowDensity  Lipo- protein (LDL)  လို့ခေါ်တဲ့ ဆိုးကျိုးပေးတဲ့ ကိုလက်စထရော တွေဟာ အရေးစိုက်လေ့လာတာ ပိုခံရပေမဲ့ HDL  ကိုလက် စထရောတွေရဲ့အရေးကြီးတဲ့အခန်းကဏ္ဍတွေဟာ ပိုမိုအား သာလာပါတယ်လို့ ပြောပါတယ်။

 

 

အကျိုးပြုကိုလက်စထရောရဲ့ အချက်အလက်များ

–         HDL  ကိုလက်စထရောဟာ သွေးထဲမှာရှိတဲ့ကိုလက် စထရောစုစုပေါင်းရဲ့ ၂၀-၃၀ ရာခိုင်နှုန်းလောက် ရှိပါ တယ်။

–         HDL ဟာ နှလုံးသွေးကြောနံရံတွေမှာ အဆီတွေစုပြီး သွေးကြောကျဉ်းတာကိုလည်း ကာကွယ်ပေးပါတယ်။

–         သုတေသနပညာရှင်တွေ ကောက်ချက်ချတာကတော့ HDL ဟာ သွေးထဲမှာ ၀.၅ လောက် ကျသွားတာနဲ့ နှလုံးရောဂါဖြစ်ပွားနှုန်း ၂၅ ရာခိုင်နှုန်းလောက် တက် သွားပါတယ်။

–         တချို့လေ့လာချက်တွေမှာတော့ လူနာတွေကို နှလုံး ရောဂါဖောက်တာ၊ နှလုံးရောဂါနဲ့ သေဆုံးတာတွေကို အချိန်အတိုင်းအတာတစ်ခုအတွင်း လေ့လာလိုက်တဲ့ အခါမှာ နှလုံးရောဂါဖြစ်ပွားနှုန်းမှာ HDL ဟာ အရေးကြီးတဲ့ဆက်နွှယ်မှုတစ်ခု ဖြစ်နေပါတယ်။

–         HDL ကိုလက်စထရောဟာ မျိုးရိုးဗီဇအလိုက် ပမာဏ ပြောင်းလဲမှု ရှိပါတယ်။

–         အမျိုးသမီးတွေဟာ ပုံမှန်အားဖြင့် အမျိုးသားတွေထက်HDL ပမာဏပိုများပါတယ်။ အမျိုးသား သုံးပုံတစ်ပုံနဲ့ အမျိုးသမီး ငါးပုံတစ်ပုံလောက်မှာHDL ပမာဏဟာ40mg/ dl  အောက်ကို ရောက်နိုင်ပါတယ်။ ဆရာဝန် တွေက 40mg/ dl  အောက်လျော့နေရငHDL ပမာဏ နည်းနေပါတယ်လို့ သတ်မှတ်ပါတယ်။

နယ်သာလန်က သုတေသန ပညာရှင်တွေဟာ လေ့လာမှု ၆၀ ကျော်လောက်ကို ခွဲခြမ်းစိတ်ဖြာပြီး ကောက် ချက်ချထားတာကတော့ သွေး တွင်းအဆီဓာတ်စုစုပေါင်းနဲ့HDL ပမာဏအချို့ဟာLDL ရဲ့ အချိုးထက် နှလုံးသွေး ကြောကျဉ်းရောဂါ ခန့်မှန်းရာမှာ ပိုမို သေချာကောင်းမွန်ပါ တယ်။

HDL ပမာဏများအောင်လုပ်တာဟာ နှလုံးရောဂါ ကာကွယ်မှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်လာပါပြီ။ HDL ပမာဏများစေတဲ့ ဆေးသစ်တွေဟာ အာနိသင်သက် ရောက်မယ်ဆိုရင် နှလုံးဖောက်တာ၊ နှလုံးသွေးကြောကျဉ်း တာတွေကို ၈၀-၉၀ ရာခိုင်နှုန်းလောက် လျော့ချပြီး လူ သန်းပေါင်းများစွာကို ကယ်ဆယ်နိုင်ပါလိမ့်မယ်လို့ Los Angeles  မြို့ Cedars-Sinai Medical Center နှလုံးဌာန ဒါရိုက်တာ P.K Shah  ကပြောပါတယ်။ HDL များ စေတဲ့ဆေးတွေဟာ အခုချိန်မှာ စမ်းသပ်အဆင့်သာ ရှိပါ သေးတယ်။

HDL ကိုလက်စထရောဟာ နှလုံးကို ဘယ်လိုအကျိုး ပြုသလဲ

ကျွမ်းကျင်သူတွေဟာ နှလုံးရောဂါဖြစ်ပွားနှုန်းကHDLကိုလက်စထရောက ဘယ်လိုလျော့ချပေးတယ်ဆိုတာ အတိအကျမသိသေးပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ ခန်မှန်းမှုတွေတော့ ရှိပါတယ်။

NECP ရဲ့ ပြောကြားချက်အရ တိရစ္ဆာန်တွေ မှာ လေ့လာကြည့်ချက်တွေအရ HDL  ဟာ သွေးကြော နံရံမှာ အဆီဖတ်လေးတွေစုပြီး သွေးကြောကျဉ်းသွားမှာကို ကာကွယ်ပေးပါတယ်။

ဓာတ်ခွဲခန်းလေ့လာချက်တွေအရ သွေးကြောနဲ့ တစ်သျူးအသေတွေထဲမှာရှိတဲ့ အခြားကိုလက်စထရောတွေ ကို ဖယ်ရှားရာမှာ HDL  ဟာ အကူအညီပေးပါတယ်။

လတ်တလော လေ့လာမှုတွေမှာလည်း HDL  ကိုလက်စထရောရဲ့ Antioxident နဲ့Antiinflamm atory Action   တွေဟာ သွေးကြောကျဉ်းတာကို ဟန့်တား စေနိုင်တယ်လို့ တွေ့ရှိရပါတယ်။

mgytpG0     HDL ကိုလက်စထရောပိုများလာစေမယ့် နည်းလမ်း ရှစ်မျိုး

လူတွေ တော်တော်များများ မသိသေးတာက အချို့အစားအသောက်တွေနဲ့ နေထိုင်မှုပုံစံပြောင်းလဲတာတွေ ဟာ HDL ကိုလက်စထရောကို အတိုင်းအတာတစ်ခုထိ များစေနိုင်တယ်ဆိုတာကိုပါ။

 

၁။       လိမ္မော်ရည်

လိမ္မော်ရည်ကို တစ်နေ့ သုံးခွက်လောက်သောက်မယ် ဆိုရင် သုံးပတ်အတွင်းမှာ HDL ပမာဏဟာ ၂၁ ရာခိုင်နှုန်းလောက်တက်သွားစေနိုင်ပါတယ်လို့ British လေ့လာမှုတွေက တွေ့ရှိရပါတယ်။ ဒီလေ့လာ မှုတွေဟာ Antioxidant ကြွယ်ဝတဲ့ တခြားအသီး အနှံနဲ့အရွက်ဟာ အရေးပါတယ်ဆိုတာ သိသာထင် ရှားစေပါတယ်။

 

၂။      ဂလူးကို့စ်မြှင့်တင်တဲ့အစားအသောက် (ကစီဓာတ်)

ဂလူးကို့စ်အများအပြားပါဝင်တဲ့ အစားအသောက် တွေဟာ သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို မြင့် တက်စေတဲ့ အစားအသောက်တွေပါ။ အဲဒီအစားအ သောက်တွေ များများစားရင်HDL ကိုလက်စထရောပမာဏကျဆင်းသွားနိုင်ပါတယ်။ NCEP  ရဲ့ လေ့လာမှုတွေအရ ကစီဓာတ်ကို ဆန်နဲ့ အခြားဟင်း သီးဟင်းရွက်တွေ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ က ရရှိနိုင်ပါတယ်။

၃။       ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့အဆီတွေကို ရွေးချယ် စားသောက်ပါ။

ပြည့်ဝဆီတွေကို စားသောက်မယ့်အစား မပြည့်ဝဆီ တွေကို စားသောက်မယ်ဆိုရင် ဆိုးကျိုးပေးတဲ့ ကို လက်စထရောတွေကို လျော့ကျစေရုံသာမကအကျိုး ပြုကိုလက်စထရောတွေရဲ့ ပမာဏကိုပါ မြင့်တက် စေနိုင်ပါတယ်။

 

၎။       ပဲ (ပဲပိစပ်)

အသား၊ ငါးတွေက ရတဲ့အစားအသောက်တွေအစား ပဲကရတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် လည်း နှလုံးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ပဲထွက်ပစ္စည်းတွေမှာ ပြည့်ဝဆီပါဝင်မှုနည်းပြီးတော့ မပြည့်ဝဆီများပါတယ်။ အမျင်ဓာတ်လည်း ပါဝင် တာ တွေ့ရပါသေးတယ်။ ပဲကရတဲ့ ပရိုတိန်းဟာHDL ကိုလက်စထရောပမာဏကို ၃ ရာခိုင်နှုန်း လောက်မြင့်တက်စေပါတယ်။ အဲလောက်က နှလုံး ရောဂါဖြစ်ပွားမှုကို ၅ ရာခိုင်နှုန်း လောက်လျော့ကျ စေပါတယ်။ ပြီးတော့ ပဲထွက်ကုန်အစားအသောက် တွေဟာLDL ကိုလက်စထရောနဲ့ အခြားသွေးတွင်း အဆီဓာတ်တွေကိုလည်း လျော့ကျစေနိုင်ပြီး သွေး ကြောတွေရဲ့ လုပ်ဆောင်ချက်ကို အားကောင်းစေပါ တယ်။ အခြားလေ့လာမှုတွေအရ ပဲထွက်ပစ္စည်းတွေ ကိုတစ်နေ့ သုံးကြိမ်လောက်စားမယ်ဆိုရင်LDL ကိုလက်စထရောကို ၃ ရာခိုင်နှုန်း၊ အခြားကိုလက် စထရောတွေကို ၆ ရာခိုင်နှုန်းလောက် လျော့သွား စေနိုင်ပါတယ်။ စားရမယ့်ပမာဏက တိုဟူး တစ် ပေါင်နဲ့ ပဲနို့သုံးခွက်လောက်ပါ။ အခြား သုတေသန တွေမှာလည်းပဲဟာ နှလုံးရောဂါဖြစ်ပွား မှုလျော့ကျ စေနိုင်တာကို ဆက်လက်လေ့လာနေပါတယ်။

၅။       အယ်လ်ကိုဟောအသင့်အတင့်သောက်သုံးခြင်း

အယ်လ်ကိုဟော အသင့်အတင့်သောက်သုံးတာဟာ HDL ပမာဏကို မြင့်တက်လာစေနိုင်ပါတယ်။ ပြီးတော့ အယ်လ်ကိုဟောဟာ အမျိုးသားရော၊ အ မျိုးသမီးတွေမှာပါ နှလုံးရောဂါကို လျော့ချပေးပါ သေးတယ်။

၆။       လေ့ကျင့်ခန်း

တစ်ပတ်မှာ လေး၊ ငါးရက်လောက် တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်မယ် ဆိုရင် HDL ကိုလက်စထရောပမာဏကို များလာ စေနိုင်ပါတယ်။

 

၇။       ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်မသောက်တာဟာ HDLကို မြင့်တက်လာ စေမယ့် အလေ့အကျင့်တစ်ခုပါ။

 

၈။       ကိုယ်အလေးချိန်လျော့ချပါ

အ၀လွန်တာ၊ ကိုယ်အလေးချိန်တက်လာတာဟာHDL  ကိုလက်စထရောပမာဏကို လျော့ကျသွားစေ နိုင်ပါတယ်။

သွင်ထူး