Golden City ရဲ့ ခရစ္စမတ်ပွဲတော် ကြိုဆိုပွဲနှင့် Project Phase II မိတ်ဆက်ပွဲ

Golden City 9

စင်ကာပူနိုင်ငံအခြေစိုက် Uni Global Power Company (UGP) နဲ့ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Jewellery Luck Group တို့အကျိုးတူပူးပေါင်းအကောင်အထည်ဖော်နေတဲ့ Golden City အိမ်ရာရဲ့ ခရစ္စမတ် အကြိုပွဲတော်နဲ့ Project Phase II မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်းရှိ အဆိုပါ Golden City အိမ်ရာသစ်မှာ ကျင်းပခဲ့ပါတယ်။

ပွဲမှာတော့ UGP နဲ့ Jewellery Luck Group တို့က တာဝန်ရှိ ပုဂ္ဂိုလ်တွေက အမှာစကားပြောကြားခဲ့ပြီး Project Phase II အကြောင်းကို ရှင်းလင်းပြောပြခဲ့ပါတယ်။ အဲ့ဒါအပြင် Project Phase II နဲ့ အတူအရောင်းပြခန်းကို လည်းပြသထားရှိပါတယ်။ စတုရန်းပေ ၃.၆ သန်းကျော်ကျယ်ဝန်းတဲ့ မြေပေါ်မှာ တည်ရှိပြီး အထပ်ပေါင်း ၃၃ ထပ်နဲ့ ပေပေါင်း ၃၆၀ မြင့်တဲ့ Golden City မှာ ခေတ်မီလူနေတိုက်ခန်း၊ ဟိုတယ်၊ နိုင်ငံတကာအဆင့်မီရုံးခန်းတွေ၊ ဈေးဝယ်စင်တာနဲ့အတူ ပြင်သစ် နန်းတွင်းလက်ရာတွေနဲ့ ပြုလုပ်ထားမယ့် အပန်းဖြေဥယျာဉ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Golden City 10

Golden City 7

Golden City 1

 

Golden City 3

Golden City 4

Golden City 8

Golden City 5