Genius School ရဲ့ ၉ နှစ်မြောက် နှစ်ပတ်လည်နဲ့ ကျောင်းဆင်းပွဲ အခမ်းအနား

Genies 1

Genius School  ရဲ့ ကျောင်းဆင်းပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်က Sky Star Hotel မှာ ကျင်းပခဲ့ပါ တယ်။ Genius ရဲ့ Founder ဆရာသူရ ကျော်က အဖွင့်အမှာစကားပြောကြားပြီး Genius School  ရဲ့ သားငယ်၊ သမီးငယ် တွေကလည်း သူတို့ရဲ့ အင်္ဂလိပ်စာစွမ်း ရည်၊ အနုပညာစွမ်းရည်တွေကို ပြသ သွားခဲ့ပါတယ်။ ဒီနှစ်ရဲ့စာသင်ကာလ မှာမှ စတင်ဖွင့်လှစ်ခဲ့တဲ့  Genius Private School မှာဆိုရင် နိုင်ငံတော်က ချမှတ် ထားတဲ့သင်ရိုးအပြင် နောက်ထပ်လေး ဘာသာဖြစ်တဲ့ Art ၊ Music ၊ Four Skill English နဲ့ Internet Computer Training တွေကိုပါ ထပ်မံသင်ကြားပေးမယ်လို့ သိရပါတယ်။ ၄၅ မိနစ်စာ စာသင်ချိန် ခု နစ်ချိန်အပြည့်သင်ကြားပေးမယ့်အပြင် ကလေးငယ်တွေအနေနဲ့ အိမ်ကိုအိမ်စာ အဖြစ် သယ်ဆောင်သွားခြင်းမရှိအောင် ကျောင်းမှာပဲ ကျက်မှတ်မှုတွေပါ ပြုလုပ် ပေးမယ်လို့ သိရပါတယ်။ ဒီ Private School  ကိုတော့ လှိုင်မြို့နယ် ပညာရေး မှူးအငြိမ်းစား ဆရာမကြီး ဒေါ်မြင့်ရီက ကျောင်းအုပ်ဆရာမအနေနဲ့ ဦးစီးသင် ကြားမှာဖြစ်တယ်လို့လည်း သိရပါ တယ်။

Genies 3

Genies 5