Food & Hotel Myanmar 2014

article landscape wartermark final8

Food & Hotel Myanmar 2014 ဟာ မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသော ထိပ်တန်းနိုင်ငံတကာအစားအသောက်နှင့် တည်ခင်းဧည့်ခံမှုလုပ်ငန်းဆိုင်ရာပွဲဖြစ်ပါတယ်။ အစားသောက်၊ အဖျော်ယမကာ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ မုန့်ဖုတ်လုပ်ငန်းနှင့် အစားအသောက်လုပ်ငန်းသုံး၊ ပစ္စည်းကိရိယာ၊ ပံ့ပိုးမှုနှင့် ၀န်ဆောင်မှုဆိုင်ရာနိုင်ငံတကာပြပွဲ (The International Exhibition for Food & Drink, Hotel, Restaurant, Bakery & Food Service Equipment, Supplies & Services) ကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်မှတ ၂၀ ရက်ထိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC Hall တွင် ကျင်းပသွားမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၅၀ ကျော်ပါဝင်ပြီး အမှတ်တံဆိပ်ပေါင်း တစ်ထောင်ကျော်ပြသမှာဖြစ်ပါတယ်။ ဂျာမနီ၊ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် အမေရိကန်တို့မှ နိုင်ငံတကာပြပွဲများလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီပွဲမှာ အခြားသောဟိုတယ်လုပ်ငန်းနှင့် ပတ်သက်တဲ့ Myanmar Culinary Arts Competition 2014, Myanmar National Barista Championship 2014, AHRA-ASEAN Bartenders’ Competition 2014 နှင့် Food Safety Seminar Presented by Food Science & Technology Association Myanmar 2014 စသော ပွဲမှာလည်း ပါဝင်ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

article landscape wartermark final10 article landscape wartermark final5 article landscape wartermark final3 article landscape wartermark final2