Water Library Restaurant မှာ ပြုလုပ်ခဲ့တဲ့ ၀ိုင်နှင့် အစားအသောက် မြည်းစမ်းပွဲ

Food & Wine 10

နိုဝင်ဘာလ ၁ ရက်၊ ရန်ကုန် –  နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက ပြည်လမ်းနှင့် မနော်ဟရီလမ်းထောင့်ရှိ Water Library Restaurant မှာ Food & Wine Tasting event ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ ၀ိုင်အသစ် ၆ မျိုးကို မိတ်ဆက်ခဲ့ပြီး ၀ိုင်အမျိုးအစား ၃၀ ကျော်ကို ၁၀ ရာခိုင်နှုန်း ဈေးလျှော့ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ ပွဲနေ့မှာ ၀ိုင်ဝယ်ယူသူတိုင်းကို ၁၂ လစာ ဟင်းပွဲ ၁၂ ခုအတွက် ကူပွန်ပါဝင်တဲ့ ၂၀၁၅ ပြက္ခဒိန်တစ်ခုစီလက်ဆောင်ပေးပါတယ်။ ပြီးတော့ ဒေါ်လာ ၅၀၀ ဖိုးနဲ့အထက် ၀ယ်ယူရင် Layer Cake (Red Wine) ၁ ပုလင်းလက်ဆောင်ပေးခြင်း၊ ဒေါ်လာ ၁၀၀၀ ဖိုးနဲ့အထက် ၀ယ်ယူရင် Layer Cake (Red Wine) ၂ ပုလင်း၊ ဒေါ်လာ ၂၀၀၀ ဖိုးနဲ့အထက် ၀ယ်ယူရင် Layer Cake (Red Wine) ၃ ပုလင်းနဲ့ ဒေါ်လာ ၃၀၀၀ ဖိုးနဲ့အထက် ၀ယ်ယူရင် Layer Caker (Red Wine) ၄ ပုလင်း အသီးသီးလက်ဆောင် ပေးခဲ့တာဖြစ်ပါတယ်။

Wine 1

Food & Wine 8  Food & Wine 9 Food & Wine 6 Food & Wine 3 Food & Wine 4 Food & Wine 1