FLY 2014 အောင်လက်မှတ်ချီးမြှင့်ပွဲအခမ်းအနားနဲ့ ညစာစားပွဲကျင်းပ

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်က ရဲ့ အောင်လက်မှတ်ချီးမြှင့်ပွဲနဲ့ ဂုဏ်ပြုညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ အဖွင့်အမှာစကားနဲ့နှုတ်ခွန်းဆက်စကားကို ဘူဆန်ရုပ်ရှင် အစည်းအ ရုံးရဲ့ဒါရိုက်တာ Mr OH Seok Geun နဲ့ မြန့်မာရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်တို့က ပြောကြားခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ FLY 2014 မှာ ရုပ်ရှင်ပညာရပ်တွေသင်ကြားပေးခဲ့တဲ့ ဆရာတွေ ကို ဂုဏ်ပြုလက်မှတ်တွေချီးမြှင့်ပေးခဲ့ပါတယ်။ ပြီးနောက်FLY 2014 ရဲ့ Photo Slide Show ကိုပြသခဲ့ပြီး သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်ကနေ ၂၃ ရက်နေ့အထိပြုလုပ်တဲ့FLY 2014 (ASEAN-ROK Film Leaders Incubator) သင်တန်းကို အာဆီယံနိုင်ငံပေါင်းစုံမှ တက်ရောက်သူစုစုပေါင်း ၂၁ ဦးရှိခဲ့ပြီး Benex Award ဆုကို မြန်မာနိုင်ငံမှ ကောင်းဆင့်သာက ရရှိခဲ့ပါတယ်။ ဒီဆုဟာ ရုပ်ရှင်ဖန်တီးမှု၊ အနုပညာဖန်တီးမှုတို့မှာ အရည်အချင်းပြည့်မီကြောင်းထောက်ခံချက်ဖြစ်တယ်လို့သိရပါတယ်။ ဆုချီးမြှင့်အပြီးမှာ မြန်မာ့ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်ဆွေဇင်ထိုက်က ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားခဲ့ပြီး အဖွဲ့လိုက်ဓာတ်ပုံရိုက်ခဲ့ပါတယ်။

FLY 1

fLY 3

FLY 5

FLY 4

FLY 2