စောင်အောက်က ခြေထောက်တစ်စုံ

febynn1

ဇနီးဖြစ်သူသည် ညည့်နက်သန်းခေါင် အိမ်ပြန်ရောက်လာပြီးနောက် အသံမကြားရအောင် တံခါးကိုဖွင့်လျက် မိမိအိပ်ခန်းဆီသို့ သွားလေသည်။ အခန်းထဲရောက်သောအခါ ခုတင်ပေါ်က စောင်အောက်ဘက်တွင် မိမိခင်ပွန်းသည်၏ ခြေထောက်နှစ်ချောင်းသာ ထွက်နေရမည့်အစား ခြေထောက်လေးချောင်းထွက်နေသည်ကို မြင်လိုက်ရသည်။ မိန်းမခြေထောက်နှစ်ချောင်း ယောက်ျားခြေထောက်နှစ်ချောင်းဟု မြင်သာနေသည့်အတွက် ဒေါသထွက်သွားသော ဇနီးသည်သည် ဘေ့စ်ဘောရိုက်သော ဘက်တံကို ယူပြီး စောင်ခြုံထားသောစုံတွဲကို အားရပါးရစိတ်ရှိသလောက် ရိုက်နှက်ပစ်လိုက်လေသည်။ ဒေါသအလျောက်ရိုက်နှက်ပြီးနောက် မောမောနှင့် ရေသောက်ရန် မီးဖိုထဲသို့ ၀င်လာသောအခါ မီးဖိုထဲတွင် မဂ္ဂဇင်းတစ်စောင်ထိုင်ဖတ်နေသော သူ့ခင်ပွန်းကို တွေ့လိုက်ရသည်။ သူဘာမှမပြောရသေးခင် သူ့ခင်ပွန်းက သူ့အား ''မိန်းမရေ၊ မင်းအဖေနဲ့အမေ ရောက်လာတယ်ကွ၊ ကိုယ်လည်း သူတို့ကို တလေးတစား ကိုယ့်တို့ခုတင်ပေါ်မှာပဲ အိပ်ခိုင်းထားလိုက်တယ်ကွာ၊ သွားပြီး နှုတ်ဆက်လိုက်ပါဦး'' ဟု ဆိုလေသည်။

ဥပဒေသ။ ။ ဒေါသဖြင့် ဆုံးဖြတ်လိုက်သော အမှန်တရားသည် အမှားမှန်းသိလိုက်ရသောအချိန်တွင် ပြင်ရအလွန်ခက်သွားတတ်သည်။

အပြုံးဖြင့်စီမံ အပြုံးဖြင့်နာခံနိုင်ကြပါစေ။

ရီနေနိုင်