E-Visa ထပ်မံခွင့်ပြုလိုက်သော နိုင်ငံစာရင်းထုတ်ပြန်

ကမ္ဘာလှည့်ခရီးသွားတွေအဆင်ပြေစေဖို့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံပေါင်း ၄၃ နိုင်ငံကို e-visa ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ယခု အောက်တိုဘာလ ၂ ရက်နေ့မှစတင်ကာ ကမ္ဘာလှည့်ခရီးသွား အများဆုံး ၀င်ရောက်တဲ့ နိုင်ငံ ၂၄ နိုင်ငံကိုလည်း e-visa ထပ်မံခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ထပ်မံခွင့်ပြုပေးခဲ့တဲ့ နိုင်ငံတွေကတော့ သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ အက်စတိုးနီးယား၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မော်လတာ၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ဆွီဒင်၊ မွန်ဂိုလီးယား၊ ကိုလမ်ဘီယာ၊ အာဂျင်တီးနား၊ ချီလီ၊ ပီရူး၊ ဗင်နီဇွဲလား၊ ပနားမား တို့ဖြစ်ပါတယ်။