ဒီဇင်ဘာလ ၆ ရက်ကနေ ၈ ရက်အထိ ပြသမည့် Dynamic Photo Art Exhibition

Dyanimic

ဓာတ်ပုံပညာရှင် ဦးဖေမြင့်ဦး (Hon.MPS, ARPS) သင်ကြားပေးတဲ့ Dynamic Digital Photography Course သင်တန်းကျောင်းမှ သင်တန်းဆင်းများ စုပေါင်းပြသမည့် Dynamic Photo Art Exhibition ရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့၊ Myanmar Culture Valley ရှိ ပန်းစွယ်တော် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဓာတ်ပုံပြပွဲကို ရန်ကုန်မြို့၊ အလုံလမ်း၊ ပြည်သူ့ဥယျာဉ်ရှိ The Yangon Gallery မှာ လာမယ့် ဒီဇင်ဘာလ ၆ ရက်ကနေ ၈ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဓာတ်ပုံ ၀ါသနာရှင် ၄၇ ဦးတို့ ပါဝင်ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်း ၁၂၀ ကျော်ကို ခင်းကျင်းပြသသွားမှာ ဖြစ်ပြီး ရရှိလာ တဲ့အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို ပရဟိတလုပ်ငန်း သုံးခုမှာ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Dyanimic 3 Dyanimic 2 Dyanimic 5 Dyanimic 4

Dyanimic 6