Duwun News App မိတ်ဆက်

Information Matrix Co Ltd နဲ့ ဆွစ်ဇာလန်အခြေစိုက် Ringer AG တို့ပူးပေါင်းကာ News များကို Android Phone များတွင် ဖတ်ရှုနိုင်တဲ့ App ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။ Duwun.com.mm မှတစ်ဆင့်လည်း သီတင်းများကို ၀င်ရောက်ကြည့်ရှုသုံးစွဲနိုင်မှာဖြစ်ပြီး စာဖတ်ပရိသတ် လိုအပ်ချက်၊ စိတ်ဝင်စားမှုတွေနဲ့ ကိုက်ညီမယ့်သတင်းဆောင်းပါးတွေကို တင်ဆက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ Duwun.com.mm နှင့် Duwun Android App တွေဟာ အသက် ၁၆ နှစ်ကနေ ၃၂ နှစ် အရွယ်အတွင်းရှိ မြို့ပြပရိသတ်ကို အဓိက ရည်ရွယ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ ပွဲမှာ Information Matrix Co Ltd ရဲ့ CEO ဖြစ်သူ ဦးသောင်းစုငြိမ်းက Duwun App အကြောင်းကို ရှင်းလင်းမိတ်ဆက်ခဲ့ပါတယ်။ 

IMG_1940 IMG_1917

IMG_1918IMG_1909