ထိုင်းနိုင်ငံ Central Group က Dusit Thani ရဲ့ ရှယ်ယာများကို ၀ယ်ယူလုပ်ကိုင်

thani

ထိုင်းနိုင်ငံလက်လီအရောင်းဆိုင်လုပ်ငန်းကြီး Central Group ရဲ့ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာလုပ်ငန်းခွဲတစ်ခုက ထိုင်းနိုင်ငံမှာ အဆင့်မြင့်ဟိုတယ်လုပ်ငန်းများကို လုပ်ကိုင်နေတဲ့ Dusit Thani ရဲ့ ရှယ်ယာများရဲ့ ၂၂. ၉၃ ရာခိုင်နှုန်းကို ၀ယ်ယူလုပ်ကိုင်လိုက်ပါတယ်။

ဒါဟာ ဒေါ်လာအားဖြင့် ၆၇.၁ ဘီလီယံဖိုးရှိတယ်။ Dusit Thani ဟာ ၁၉၄၈ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဟိုတယ်နဲ့အပန်းဖြေစခန်း ၂၇ ခုရှိတယ်။