ကိုယ်ကပဲမှားနေတာလား၊ အထက်ကမစဉ်းစားပေးတာလား။

dipressiya copy

အလုပ်ထဲမှာ ကိုယ်အကြံပေးလိုက်တဲ့ အရာအားလုံးကို အထက်က ပယ်ချလိုက်တဲ့အခါ စိတ်ဓာတ်ကျတာမျိုးတွေ များလာပါတယ်။ အဲဒီလိုမျိုးတွေများလာရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြင်ဆင်သင့်ပါသလဲ။ (ကိုယ်ကပဲ မှားနေတာလား၊ အထက်က မစဉ်းစားပေးတာလား)

ပထမဆုံး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်သင့်တာက ကိုယ့်ရဲ့ စိတ်ထားပဲ။ အဲဒါကတော့ ”ငါအကြံပေးလိုက်တဲ့အရာ အားလုံး အထက်က ကြိုက်ချင်မှ ကြိုက်မယ်၊ ယူချင်မှယူ မယ်၊ သုံးချင်မှသုံးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါပေးလိုက် တဲ့အကြံက ကောင်းဦးမှကိုး” သူတို့ အလုပ်နဲ့ စပ်ဟပ်ဦးမှ ကိုး။ ငါပေးလိုက်တဲ့အကြံတိုင်းကို သူတို့ယူရမယ်ဆိုတာက တော့ သဘာဝမကျဘူး။ မတရားဘူးလေ။ ဒီတော့ ယုံချင် ရင်ယူ၊ ပယ်ချင်ရင်ပယ် I don’t care  ပဲ။ ငါကတော့ အကောင်းဆုံး အကြံတွေ ပေးနေဦးမှာပဲ” လို့ စိတ်ထဲရော၊ နှလုံးထဲရော သွင်းလိုက်စမ်းပါ မေးခွန်းရှင်ရေ။ စိတ်ဓာတ်ကျ တာမျိုးရှိတော့မှာမဟုတ်ဘူး။ Relax! Take it easy  ပါ။

တစ်ခုတော့ရှိတယ် မေးခွန်းရှင်ရဲ့။ ကိုယ်ပေးလိုက် တဲ့အကြံဟာ သူတို့အတွက် Pertinent  ကောဖြစ်ရဲ့လား၊  Applicable ကာဖြစ်ရဲ့လား၊Timely ကောဖြစ်ရဲ့လား၊ ပြီးတော့ ကိုယ်ပေးလိုက်တဲ့အကြံကို  Economic Point of view ၊ Financial Point of view ၊ Political Point of view  စတဲ့View  အမျိုးမျိုးဟာ သုံးသပ်ပြီးတော့မှ လိုအပ်၊ မအပ်ချိန်ဆပြီးပေးဖို့တော့ လိုလိမ့်မယ်။ အဲဒါကတော့ အတော်ကိုအ ရေးကြီးပါတယ်။

ဥပမာ- ကုမ္ပဏီသောက်သောက်လဲ ရှုံးနေတဲ့ အချိန်မှာ ၀န်ထမ်းလစားတို့ဖို့ အကြံဉာဏ်ပေးဖို့မသင့် သလို ကုမ္ပဏီကျိကျိတက်ချမ်းသာနေတဲ့အချိန်မှာ ၀န်ထမ်း Bonusများများပေးဖို့ အကြံဉာဏ်ပေးဖို့ လိုပါတယ်။

ကိုယ်က အကောင်းဆုံးအကြံပေးပါရက်နဲ့ မယူ ရင်တော့လည်း ‘ခွင့်သာခိုက်မှ မလိုက်ချင်ရင်၊ အမိုက်နင့် ပြင်ရှိဦးမလား’ လို့ ပြောလိုက်စမ်းပါ။ (ပါးစပ်က မဟုတ် ဘူးနော်၊ စိတ်ထဲက) မေးခွန်းရှင်အဆင် ပြေပါစေဖို့ ဆန္ဒပြု ပါတယ်။

 ရဲမြင့် (စွန့်ဦးတီထွင်)