Dell Inspiron 3000 & 5000 Series မိတ်ဆက်ပွဲ
Dell Computer ကနေအသစ်ထွက်ရှိလာတဲ့ Inspiron 3000 နဲ့ Inspiron 5000series သစ်မိတ်ဆက်ပွဲကို ဇွန်လ ၂၇ ရက်နေ့က Junction Square Promotion ဧရိယာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ အသစ်ထွက်လာတဲ့ Inspiron series laptop တွေကို model တွေနဲ့ သရုပ်ပြကြေငြာခဲ့ကြပါတယ်။
Dell Computer ရဲ့ Inspiron Series laptop တွေမှာ Intel ကနေနောက်ဆုံးထွက်ရှိလာတဲ့ နည်းပညာမြင့် 4th Generation Core Processors တွေ တပ်ဆင်ထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်အရည်အသွေး၊ ထိတွေ့အသုံးပြုနိုင်တဲ့ မျက်နှာပြင်တို့အပြင် အခြားထူးခြားတဲ့ Feature တွေပါဝင်တာဖြစ်ပြီး လူအများစုတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်စေရန် စီစဉ်ထားတယ်လို့ သိရပါတယ်။