ဓာတ်ပုံပညာရှင် ကျော်ဝင်းလှိုင်(Y.U.C) ရဲ့ Dairy of Life ဓာတ်ပုံပြပွဲ

Kyaw Win Hlaing 1

ဓာတ်ပုံပညာရှင် ကျော်ဝင်းလှိုင်(Y.U.C) ရဲ့ Dairy of Life လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်ဓာတ်ပုံပြပွဲကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်ကနေ ၁၈ ရက်အထိ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ The Yangon Gallery မှာ ကျင်းပဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံပြပွဲမှာ မြန်မာနိုင်ငံရဲ့ရှုခင်းအလှအပတွေ၊ လူနေမှုပုံစံတွေ၊ ရိုးရာပွဲတော်တွေ၊ Portrait တွေ ပါဝင်တဲ့ ဓာတ်ပုံပေါင်း  ၅၄ ပုံ ကို ခင်းကျင်းပြသထားပါတယ်။

ပထမဆုံးအကြိမ် တစ်ကိုယ် တော်ဓာတ်ပုံပြပွဲနဲ့ပတ်သက်လို့ ဓာတ်ပုံပညာရှင် ကျော်ဝင်းလှိုင် (Y.U.C) က `အဓိကတော့ ကျွန်တော်ရဲ့ Main Sponsor ဖြစ်တဲ့ With Us Travels & Tours ရဲ့ တွန်းအားပေါ့။  အမှန်အတိုင်း ပြောရရင် ကိုယ့် ကိုယ်ကိုယ် အားမရသေးဘူး။ အားမရသေးဘူးဆိုတာက ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေအများကြီး ရှိပါတယ်။ အခုပွဲမှာကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်အတွင်းက ကျွန်တော်ရိုက်ခဲ့တဲ့ပုံတွေ အများ ကြီးထဲက အခုလောလောဆယ် ကျွန်တော် Felling ဖြစ်နေတဲ့ပုံတွေကို အဓိက ရွေးချယ်ပြီး ပြထားပါတယ်´လို့ ဆိုပါတယ်။ ဈေးနှုန်းပိုင်းကတော့ ဓာတ်ပုံတစ်ပုံကို ကျပ်နှစ်သိန်းခွဲနှုန်း သတ်မှတ်ထားပြီး ဓာတ်ပုံပညာရှင် ကျော်ဝင်းလှိုင် (Y.U.C) ရေးသားပုံဖော်ရိုက်ကူးထားတဲ့ Dairy of Life စာအုပ်ကို ဓာတ်ပုံပြပွဲမှာ ကျပ်ခုနစ် ထောင်နှုန်းနဲ့ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

Kyaw Win Hlaing 020 Kyaw Win Hlaing 019 Kyaw Win Hlaing 018 Kyaw Win Hlaing 017 Kyaw Win Hlaing 016 Kyaw Win Hlaing 015 Kyaw Win Hlaing 014 Kyaw Win Hlaing 013 Kyaw Win Hlaing 012 Kyaw Win Hlaing 011 Kyaw Win Hlaing 010 Kyaw Win Hlaing 09 Kyaw Win Hlaing 08 Kyaw Win Hlaing 07 Kyaw Win Hlaing 06 Kyaw Win Hlaing 05 Kyaw Win Hlaing 04  Kyaw Win Hlaing 03 Kyaw Win Hlaing 02 Kyaw Win Hlaing 01 Kyaw Win Hlaing 0 23Kyaw Win Hlaing 204

Kyaw Win Hlaing 022Kyaw Win Hlaing  021