Cycle City

cyclecity1

တစ်ခေတ်တစ်ခါက မန္တလေးရဲ့ စက်ဘီးမြို့တော်ဖြစ်ခဲ့တာကို Theme ယူပြီး ပေါင်းစပ်ပြင်ဆင်ထားတဲ့ မန္တလေးမြို့က Cycle City ဆိုတဲ့ဆိုင်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်စရာနေရာကျယ်ဝန်းပြီး အပြင်ဘက်မှာ ထိုင်လို့လည်းရသလို၊ Private ခန်းမှာလည်း သက်သောင့်သက်သာအနားယူရင်း အစားအစာမျိုးစုံကို ရရှိနိုင်ပါတယ်။ အစည်းအဝေးတွေ၊ Private ပွဲတွေအတွက်လည်း သီးသန့်အခန်းတွေရရှိနိုင်တဲ့ ဒီဆိုင်လေးကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

cyclecity2

ဆိုင်စတင်ဖွင့်လှစ်တဲ့နေ့

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

cyclecity3

ဆိုင်တည်နေရာ

တ-၇၊ ဆ-၄၊ ၆၈ လမ်း (သိပ္ပံလမ်းထောင့်)၊ မြို့သစ် ၁ ရပ်ကွက်၊ ချမ်းမြေ့သာစည်မြို့နယ်၊ မန္တလေးမြို့။

cyclecity4

cyclecity5

ဆက်သွယ်ရမယ့်ဖုန်းနံပါတ်

၀၂-၈၀၈၄၃၊ ၀၂-၆၂၀၆၃ နဲ့ ၀၉-၄၂၁၁၃၆၃၄၄ ဖြစ်ပါတယ်။

cyclecity11

ဆိုင်ဖွင့်ချိန်

နံနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပါတယ်။

cyclecity6

ရရှိနိုင်တဲ့အစားအစာများ

တရုတ်အစားအစာ၊ ဥရောပအစားအစာ၊ ထိုင်းအစားအစာနဲ့ မြန်မာအစားအစာတွေ ရနိုင်ပါတယ်။ Appetizer မျိုးစုံ၊ Soup မျိုးစုံ၊ Salad မျိုးစုံ၊ Burger၊ Pizza နဲ့ Sandwiches မျိုးစုံ၊ Pasta နဲ့ One-Plate Menu မျိုးစုံတို့နဲ့အတူ အာရှဟင်းလျာတွေ၊ အနောက်တိုင်း အဓိကဟင်းပွဲတွေ၊ အရံဟင်းလျာတွေလည်း စုံလင်အောင် ရရှိပါတယ်။ ဟင်းပွဲတွေကတော့ ဈေးနှုန်း လေးထောင်ကျပ် ၀န်းကျင်ခန့် ရှိပါတယ်။

cyclecity7

Drink များ

ကော်ဖီအမျိုးအစားစုံ၊ အီတလီဆော်ဒါ၊ Smoothie တွေ၊ Cocktail နဲ့ Mocktail တွေ၊ အချိုရည်၊ ဘီယာနဲ့ ၀ိုင်မျိုးစုံကို ရရှိနိုင်ပါတယ်။

cyclecity8

Set Menu များ

Chinese ၊ Thai နဲ့ Western အစားအစာတွေကို Set နဲ့ မှာယူနိုင်ပြီး ဈေးနှုန်းအနေနဲ့ တစ်ယောက်ကို ခုနစ်ထောင်ကျပ်ကနေ ၁၂,၅၀၀ ကျပ်အထိ ရှိပါတယ်။ Vegetarian Set ကိုတော့ ငါးထောင်ကျပ်နဲ့ ရနိုင်ပါတယ်။ ကြိုတင်မှာယူရင် အဆင်ပြေပါတယ်။

cyclecity9

ဆိုင်ဝန်ထမ်းများ

Chef တစ်ယောက်နဲ့ Cook လေးယောက်ရှိပါတယ်။ Bartender ကတော့ သုံးယောက်ရှိပါတယ်။ Waiter တွေနဲ့ဆိုရင် ၁၅ ယောက်လောက်ရှိပါတယ်။ အားလုံးကို ဆိုင်ကနေ Training ပေးထားပါတယ်။

cyclecity10

လာရောက်ကြတဲ့ဧည့်သည်များ

မိသားစုတွေ၊ အစည်းအဝေးလာလုပ်တဲ့သူတွေ၊ လူလတ်ပိုင်းတွေနဲ့ Foreigner တွေ အလာများပါတယ်။

Private ခန်းများ

ဆယ်ယောက်ခန်းတစ်ခန်းနဲ့ ရှစ်ယောက်ခန်း နှစ်ခန်း ရှိပါတယ်။ အခန်းအလိုက် လူဦးရေ အပြည့်လာတယ်ဆိုရင် Room Charges မယူပါဘူး။

နန္ဒာနေ၀င်း