CP FIVE STAR ရဲ့ ဆိုင်ခွဲပေါင်း နှစ်ရာပြည့် အထိမ်းအမှတ်ပွဲ

CP 7

Myanmar CP Live Stock Co.Ltd ရဲ့ CP Five Star ဆိုင်ခွဲပေါင်း နှစ်ရာပြည့်တဲ့အထိမ်းအမှတ် “ပျော်ရွှင်စေဖို့ဆင့်ကဲကြိုးစားလျှက်” Campaign အသစ်စတင်ခြင်း အထိမ်းအမှတ်ပွဲကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံအနီး Junction 8 မှာရှိတဲ့ CP Five Star ဆိုင်တွင် ကျင်းပခဲ့ပါတယ်။

CP ရဲ့ အလုပ်အမှုဆောင်ဖြစ်သူ MR. Natthakrit Sivasri က အဖွင့်အမှာစကားနဲ့ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အဲ့ဒါအပြင် အဆိုတော် သြရသမှလည်း ကြက်ကလေးအကအဖွဲ့သားတွေနဲ့အတူ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

လူအများတတ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ လုံခြုံစိတ်ချမှု့ရှိတဲ့ CP အမှတ်တံဆိပ်နဲ့ ကြက်ကြော်၊ ကြက်ကင်နဲ့ ကြက်အူချောင်းဆိုင်တွေကို ၂၀၀၆ ခုနှစ် ကနေစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ ဆိုင်ခွဲပေါင်း ၂၀၀ ပြည့်သွားခဲ့တာဖြစ်ကာ CP Five Star နာမည်ကိုပါ ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Cp 1 copy

CP 3

CP 8

CP 6

CP 4