ဒုတိယအကြိမ်မြောက်ပြသခဲ့တဲ့ Construction, Power & Mining Myanmar 2014

Mining 2

မြန်မာနိုင်ငံရဲ့ သတ္ထုတွင်းထွက် ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အစီအစဉ်နဲ့ Bangkok Exhibition Service (BES) Ltd မှ ရည်ရွယ်ပြုလုပ်တဲ့ ဒုတိယအကြိမ် Construction, Power & Mining Myanmar 2014 ပြပွဲကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့ထိရန်ကုန်မြို့ မင်းဓမ္မလမ်းမှာ ရှိတဲ့ (MCC) ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါပြပွဲမှာ နိုင်ငံပေါင်း ၂၇ နိုင်ငံက ပြခန်းပေါင်း ၁၆၅ ခန်းခန့်ပြသခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအင်နဲ့ သတ္ထုတူးဖော်ခြင်းတွင်းထွက်ပစ္စည်းများရယူခြင်းစတဲ့ လုပ်ငန်းတွေက ပါဝင်ပြသခဲ့ပြီး ဟောပြောပွဲအစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Mining 4 Mining 3 Mining 1