CommuniCast 2015 & Myanmar Myanmar International ICT Exhibitions ပူးပေါင်းပြပွဲကျင်းပမည်

commyan1

CommuniCast 2015 ကို Myanmar Myanmar International ICT Exhibitions နဲ့အတူပထမဆုံးအကြိမ် အဖြစ် ပူးပေါင်းပြုလုပ်မည်ကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့မှာ MICT park မှာပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲ အရသိရပါတယ်။ မြန်မာနိုင်ငံရဲ့လျင်မြန်စွာတိုးတက်နေတဲ့ ICT စီးပွားရေးအတွက် ကုမ္ပဏီပေါင်း၁၂၀ကျော် ပါဝင်တဲ့အခမ်းအနားကို နိုဝင်ဘာလ ၁၇ရက်နေ့မှ ၁၉ရက်နေ့အထိ Myanmar Even Park မှာပြုလုပ်မှာဖြစ်ပြီး ဂြိုလ်တုနဲ့ Broadband ကမိုဘိုင်းနဲ့ Enterprise Solution တွေအထိ ICT စီးပွားရေးဆိုင်ရာတွေအားလုံးကို ပြသမှာဖြစ်တယ်လို့သိရပါတယ်။