CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်းကျင်းပမည်

 

CommuniCast Myanmar ပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့မှ ၁၉ အထိ Myanmar Event Park တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ဒုတိယအကြိမ်မြောက် Myanmar Satellite Forum ကို  ၂၀၁၅ နိုဝင်ဘာလ ၁၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ ယခု ပြုလုပ်မည့်ပွဲဟာ စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့၊ MICT Park တွင်ပြုလုပ်ခဲ့သည့် Myanmar International ICT Exhibition နှင့် CommuniCast Myannmar တို့ရဲ့ MoU Signing Ceremony ပြီးနောက် ပထမဆုံးအကြိမ် ပူးပေါင်းပြုလုပ်မည့်ပွဲဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့တဲ့ CommuniCast ရဲ့ ပထမဆုံးပွဲကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၀ ကျော်နှင့် ICT ကျွမ်းကျင်သူပေါင်း ၂၀၈၆ ယောက် တက်ရောက်ခဲ့ပါသည်။ Myanmar International ICT Exhibition ပွဲကို Myanmar Computer Federation မှ အဆက်ဆက် စီစဉ်ခဲ့ပြီး တက်ရောက်သူအပြည့် အမြဲရှိခဲ့ပါသည်။ဤပွဲနှစ်ပွဲကို တစ်နေရာထဲ တစ်ချိန်ထဲတွင် နေရာပိုမိုကျယ်ဝန်းသော Myanmar Event Park တွင့် ကျင်းပခြင်းဖြစ်ပါသည်။ 

အသေးစိတ်အချက်အလက်များအတွက် http://www.communicastmyanmar.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

communicast3

communicast2