Coca-Cola ၏ ၂၀၁၄ FIFA ကမ္ဘာ့ဖလား အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ

article landscape wartermark final6

၂၀၁၄ FIFA ကမ္ဘာ့ဖလားကို Coca-Cola Myanmar မှဂုဏ်ပြုတဲ့အနေဲ့ ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲကို ဇူလိုင်လ ၁၃ရက်၊ တနင်္ဂနွေနေ့က ဒဂုံစင်တာ (၂) ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက စတင်ခဲ့တဲ့ မြန်မာနိုင်ငံရှိလူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲလျှက်ရှိတဲ့ Coca-Cola ၏ ၂၀၁၄ FIFA ကမ္ဘာ့ဖလား အထိမ်းအမှတ် အစီအစဉ်များထဲမှ တစ်ခုဖြစ်ပါတယ်။

ပွဲမှာ တေးသံရှင် အိမ့်ချစ် နှင့် မိစန္ဒိ တို့၏ ဖျော်ဖြေတင်ဆက်မှုများ၊ ဘောလုံးနှင့် ပတ်သက်သော ကစားနည်းများ နှင့် အခြားပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲအစီအစဉ်များစွာ ပြုလုပ်ခဲ့တာပါ။ Coca-Cola ရဲ့ “Brrr” တီဗွီကြောငြာတွင် ပါသလိုမျိုး “Brrr” အကောင်းဆုံးလုပ်နိုင်သူများကို
Coca-Cola ၏ FIFA ကမ္ဘာ့ဖလား အထိမ်းအမှတ် ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး ပွဲလာရောက်သူများကို Coca-Cola အခမဲ့ တိုက်ကျွေးခဲ့ကာ ၂၀၁၄ FIFA ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံ ယဉ်ကျေးမှု ကိုပါ မြည်းစမ်း ကြည့်ရှုခံစား နိုင်ဖို့ Capoeira အကအဖွဲ့ နှင့် ဘရာဇီး နိုင်ငံ၏ ရိုးရာ ဂီတဖြစ်သည့် samba တေးဂီတတို့ကိုပါ ထည့်သွင်းဖျော်ဖြေခဲ့ပါတယ်။ Coca-Cola မှတင်ဆက်တဲ့ ၂၀၁၄ FIFA ကမ္ဘာ့ဖလားသီချင်းကို မြန်မာဘာသာဖြင့် သီဆိုထားတာပါဝင်တဲ့ “The World Is Ours” (http://tinyurl.com/koo4vnk) သီချင်းရဲ့ ဂီတဗွီဒီယို မှာ ပါဝင်တဲ့ Hyrax အကအဖွဲ့မှလည်း ပွဲမှာ ကပြဖျော်ဖြေခဲ့ပါတယ်။

 

article landscape wartermark final10 article landscape wartermark final9 article landscape wartermark final7 article landscape wartermark final5 article landscape wartermark final3 article landscape wartermark final2 article landscape wartermark fin4