City Mart holding Co Ltd ၀န်ထမ်းများရဲ့ ၁၇ ကြိမ်မြောက် နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲအခမ်းအနား

5

City Mart Holding Co Ltd (CMHL) ၀န်ထမ်းများရဲ့ ၁၇ ကြိမ်မြောက်နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ MCC ခန်းမမှာပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ City Mart Holding Co Ltd (CMHL) ရဲ့ MD ဒေါ်ဝင်းဝင်းတင့် က အဖွင့်နှုတ်ခွန်းဆက်စကား အနေနဲ့ “ ကျွန်မတို့ Staff Party ပွဲတွေဟာ ၀န်ထမ်းတွေအားလုံးရဲ့ ကြိုးစားမှုနဲ့အောင်မြင်မှုပဲဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်ဟာ အောင်မြင်ခဲ့တဲ့နှစ်လို့ ဆိုလို့ရပါတယ်။ မျှော်မှန်းထားသလောက် ဆိုင်ခွဲတွေ အများကြီးဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။ ဈေးဝယ်သူတွေရဲ့ ၀ယ်လိုအားတွေမြင့်တက်လာတယ်။ Promotion Program တွေပိုမိုကောင်းမွန်လာအောင်လုပ်ဆောင်နိုင်တာဟာ ကျွန်မတိုကုမဏီရဲ့အခြေခံအုတ်မြစ်တွေကို အကောင်းဆုံးပြင်ဆင်ထားနိုင်ထားတဲ့တွက်ကြောင့်ပဲဖြစ်တယ်။ အခုဆိုရင် Distribution Center ကို ရန်ကုန်နဲ့ မန္တလေးမှာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။  အဲဒီလို ပြင်ဆင်ထားနိုင်ထားတဲ့အတွက်လည်း ကျွန်မတို့ မျှော်မှန်းထားတဲ့အတိုင်း စံချိန်ပြည့်မီခဲ့တာဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်မတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုတွေပဲဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အခမ်းအနားမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ ၀န်ထမ်းတွေ တက်ရောက်ခဲ့ကြပြီးတော့ ၀န်ထမ်းများအတွက် ဗလာမပါကံစမ်းမဲဖြစ်တဲ့ တီဗီ၊ ဗီစီဒီ၊ ဒီဗီဒီ၊ ရေခဲသေတ္တာ၊ အ၀တ်လျှောက်စက်၊ ဒီဂျစ်တယ်ကင်မရာ၊ ပန်ကာ၊ မိုက်ကရိုဝေ့ဖ်မီးဖို၊ စက်ဘီး အစရှိတဲ့ ဆုမဲတွေကို ချီးမြှင့်ခဲ့ပြီး ၀န်ထမ်းများရဲ့ ဖျော်ဖြေ တင်ဆက်မှု၊ နိုင်ငံကျော် တီးဝိုင်းတစ်ခုဖြစ်တဲ့ IC Show နဲ့အတူ ၁၇ ကြိမ်မြောက် City Mart Holding Co Ltd ရဲ့ Staff Party ကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ City Mart Supermarket ကို ၁၉၉၆ ခုနှစ်က အောင်ဆန်းကွင်းဆိုင်ခွဲအနေနဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာ ဆိုင်ခွဲပေါင်း ၁၅ ဆိုင်နဲ့ မြန်မာနိုင်ငံရဲ့ Retail Markert ဈေးကွက်ထဲမှာ ထိပ်ဆုံးရပ်တည်နေတယ်လို့ သိရပါတယ်။

4 3 1